အချစ်ထူး
အပိုင်း (၄)
#အချစ်ထူး
06250410
"နွားလေး...နင်က ဆယ့်ငါးနှစ်ပြည့်တော့မယ်ဆိုတာနဲ့...ငါ့ကို အာခံချင်လာတယ်ပေါ့လေ..."
"........"
"ဖုန်းပြောချင်သေးလား...ဟမ်..."
"........."
"ဟိုကောင်တွေကို တစ်ခါတည်း သတ်ခိုင်းလိုက်ရမှာ..."
"........"
အထူး နားထဲကြားနေရတဲ့ မသဲကွဲတဲ့ စကားသံတွေကို အာရုံစိုက်ရင်း အသက်၀၀ရှုနိုင်အောင် ခေါင်းကိုပဲ ရမ်းနေရသည်။
နောက်ဆုံးတော့ ရှိသမျှ အားနဲ့ရုန်းထွက်ပြီး ဒူးထောက်ပစ်ချလိုက်ကာ ခြေထောက်ကို မျက်နှာမှောက်ထားမိသည်။
"သား မှားပါတယ်...သား နောက် မပြောတော့ပါဘူး...သား မှားပါတယ်..မေမေ..."
"ဖြန်း..."
"ေ-ာက်ကျေးဇူး မထောက်တဲ့ကောင်...နည်းနည်းလေး အသက်ကြီးလာလို့ အာခံချင်တယ်ပေါ့လေ...နင့်ဘယ်အရွယ်ရောက်ရောက်...ငါ့ခြေမှုန့်ပဲ နားလည်လား...ငါ့ကို ဘာမှတ်နေလဲ...နင်တောင် မသိလိုက်ပဲနင့်ကို သတ်ပစ်လို့ရတယ်..သိရဲ့လား..သတ်ပစ်ဖို့ကောင်းတဲ့ကောင်..."
"သား မှားပါတယ်...မေမေ...နောက်မပြောတော့ပါဘူး..."
"နင့်အမေနဲ့ သိပ်တွေ့ချင်တယ်ပေါ့...နေဦး..နေလိမ့်ဦး..."
အထူး မျက်ရည်ကျ ခေါင်းရမ်းငြင်းပေမဲ့လည်း ရေချိုးခန်း အပြင်ကို ထွက်သွားကာ တစ်ခုခု ရှာဖွေနေသည်။
"ရော့..ဒီမှာ ကြိုး...နေဦး...ကြိုး ငါချည်ပေးမယ်..နင် သတ်သေ..."
"ဟင့်အင်း..ဟင့်အင်း..မဟုတ်ဘူး..မေမေ...သား ပြောတာ မဟုတ်ဘူး..အဲလို မပြောပါဘူး.."
"........."
အထူး ပါးပေါ် ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ ရိုက်ချက် ကျလာပေမဲ့လည်း ခေါင်းရမ်း ငြင်းဆန်ပြီး ခြေထောက်ကိုပဲ ပြန်ဖက်ထားမိသည်။
"နင့်အမေက လာခေါ်မယ် ထင်နေတာလား...ဟား...ဒင်းက ဟိုမှာ အပျိုလုပ် လင်ရပြီး ကလေးတောင် မွေးထားတာ နင့်ကို ခေါ်မယ် ထင်နေတာလား..."
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."