အချစ်ထူး
အပိုင်း (၄၀)
#အချစ်ထူး
11342121
"အထူးရေ...မြန်မြန်..."
"ဟုတ်...လာပြီ...အစ်မ..."
အထူး လက်ထဲက ချိုင့်ကို ဆွဲခြင်းထောင်းထဲ ထည့်လိုက်ပြီး သားရဲ့ အိတ်ကိုလည်း ကပျာကယာ ကောက်ယူလိုက်သည်။
ဆွဲခြင်းထောင်းနဲ့ အိတ်ကို စားပွဲပေါ် ချခဲ့လိုက်ပြီး အိမ်ပေါ်က ဆင်းသွားကာ ကားကို အဆင်သင့်ဖြစ်အောင် စက်နှိုး အဲကွန်းဖွင့်ထားရသည်။
သားဆိုးနေရင် အစ်မက စိတ်ဆိုးပြီး ပြောတာ "လူပေါက်လေးက...လူပါးဝတယ်"တဲ့.။
အစ်မပြောသလို ပဲ ကားစီးတာတောင် အဲကွန်း မအေးရင် ငိုသည်လေ.။
အထူး အိမ်ပေါ် ပြန်ရောက်တော့ ဆော့နေတဲ့ သားက မေမေ့ပေါင်ပေါ် တက်ထိုင်နေပြီ..။
တစ်ချိန်လုံး ဆော့ချင်သလို ဆော့နေပေမဲ့လည်း ပြန်ခါနီးဆို မေမေ့ကို ကပ်ပြီ..။
"မိုးသက်ပိုင်ထွေး...အိတ်ယူ...ပြန်မယ်..."
"အီး..."
အထူး ပြောလိုက်တာနဲ့ မေမေ့ကို ဖက်ကာ ငိုပြတော့ တစ်အိမ်လုံး ဝိုင်းရယ်ကြသည်။
အစ်ကိုကြီးက သဘောကျပြီး ပါးကို ဖွဖွဖျစ်တော့ အစ်ကိုကြီးဘက်ကို လှည့်ပြီး ပေါက်ခါစ ရှေ့သွားလေး နှစ်ချောင်း ပေါ်အောင် အာဗြဲ ငိုပြနေပြန်သည်။
"သားက မပြန်ချင်ဘူးပေါ့..."
"အီး.."
"အေးပါ...လေးလေး...ရိုက်မယ်နော်...ဖေဖေ့ကို ရိုက်ရမလား..မေမေ့ကို ရိုက်ရမလား..."
အထူး ကို လက်ညိုးထိုးပြပြီး ငိုနေတော့ ဝိုင်းရယ်ကြပြန်သည်။
"တွေ့လား...လူပေါက်လေး က လူပါးဝပါတယ်ဆို...မေမေ့မြေး က စကားသာ မတက်သေးတာ...လူလည်ကောင်လေး.."
အစ်မက ပြောပြီး တင်ပါးကို ဖွဖွ ရိုက်လိုက်တော့ မနာပဲနဲ့ အော်ငိုပြပြန်လို့ အစ်ကိုကြီးက ကျောကို ပွတ်ပေးပြီး ချော့ပေးနေရသည်။
"သား အလုပ်ကို ကလေး ခေါ်သွားတာ အန္တရယ်များတယ်နော်...ပစ္စည်းတွေက လူကြီးတွေတောင် ဝိုင်းမသယ်ရတာတွေ ချည်းပဲ..အခန်းထဲမှာပဲ ထား...ဟိုနေ့တုန်းကလည်း လမ်းဘေးမှာ ဆော့နေတာ..လူသွားလူလာကလည်း များတယ်....ကောက်ခေါ်သွားရင် သိမှာ မဟုတ်ဘူး. ..."
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."