အချစ်ထူး
အပိုင်း (၆)
#အချစ်ထူး
06270756
"........."
အထူး ရှေ့က ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တချို့ဖုံးနေတဲ့ လကို မြင်ရသည်။
ခြံထဲက မြက်ရိုင်းတွေကို လရိပ်ထိုးပေမဲ့ ကွဲကွဲပြားပြား မဟုတ်တော့ ပုံသဏ္ဍန်တွေက အမျိုးမျိုး ပြောင်းနေသည်။
အထူး လက်ထဲက ဘရှပ်လေးကို အညိုရောင်နဲ့ အရိပ်ပုံလေးတွေ ခြယ်နေမိသည်။
နာရီက အချိန် ကိုးနာရီ ကို ပြနေသော်လည်း အထူး စိတ်ကို အတက်နိုင်ဆုံး ပုံထဲမှာသာ နစ်မြုပ်ထားဖို့ကြိုးစားရပါသည်။
စပြောကတည်းက ညီမလေး ပြောချင်သလောက်ပြောပေးပါ လို့ တောင်းဆိုထားတာပဲ..။
လေးရက်လုံးလုံး ပျင်းစရာကောင်းတဲ့ ကိုယ်နဲ့ စကားပြောပေးတာပဲ တော်ပြီပေါ့လေ...။
အထူး ကိုယ့်စိတ်ကို ကိုယ်ပြောလိုက်ပြီး ညဆယ်တစ်နာရီမှာတော့ ပြတင်းပေါက် တံခါးကို ပိတ်ကာ အိပ်ဖို့ပဲ ကြိုးစားရတော့သည်။
အိပ်ရာပေါ် ရောက်တော့ အတွေးတွေက နှိပ်စက်ပြန်သည်။
တစ်ဦးတည်းသော စကားပြောသူ က ဖုန်းဆက်မလာတာ လေးရက်ရှိပြီဆိုပေမဲ့ အထူး အိပ်မပျော်တာလည်း လေးရက်ရှိပြီ..။
အထူး ခုတလော ရင်ညွန့်နေရာက ပူပြီး အောင့်နေလို့ ထမင်းစားလို့တောင် အဆင်မပြေဖြစ်နေသည်။
အထူး ကိုယ်ခန္ဓာက အဆင်မပြေတာထက် စိတ်က အဆင်မပြေတာက ပိုဆိုးပါသည်။
တစ်ယောက်တည်းဆိုတဲ့ ဘဝကို အသားကျနေပြီးခါမှ အခုတော့ ရင်ဆိုင်ဖို့ခက်ခဲနေပြန်သည်။
ကိုယ့်အကြောင်းတွေ အများကြီး ပြောမိပေမဲ့ သူ့အကြောင်းကိုတော့ မစပ်စုမိပါဘူး..။
ညီမလေး ဘက်ကတော့ မသိပေမဲ့ အထူး ဘဝမှာတော့ တစ်ဦးတည်းသော သိမိသူ ခင်မိသူမို့ တန်ဖိုးကြီးသည်။
အထူး အိပ်ရာပေါ်လှဲရင်း ငါ ဘာများ မှားပြောမိလို့လဲလို့ တွေးနေရတာ ဒီနေ့ဆို လေးရက်မြှောက်ပြီ..။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."