အချစ်ထူး
အပိုင်း (၁၀)
#အချစ်ထူး
07080514
"အေး...အေး..ရောက်တယ်...ရတယ်..မလာနဲ့...နင်မလာမှ ပုံကောင်းကောင်းတွေ ရမှာလေ.."
အထူူး ရင်တုန်သွားကာ ဖုန်းမျက်နှာပြင်ပေါ်မှာ လိုင်းဖော်နေရင်းက လှည့်ကြည့်ပေမဲ့ မပြည့်ကတော့ ဂရုတောင် မစိုက်ပါဘူး.။
အလုပ်လုပ်နေတဲ့ ကောင်မလေးတွေလည်း ရှိနေတော့ အထူး ဘာမှ မပြောပဲ ပုံပြန်ဆွဲနေရသည်။
အစ်မက အလုပ်ကို မနေ့ကလည်း မလာဘူး..။
ဒီနေ့လည်း လာမလို့ကို မပြည့်မွှေနေတာ..။
အထူး လက်ထဲက ဘောပင်နဲ့ လိုင်းရာပေးနေရင်း တစ်ချက် လှည့်ကြည့်မိပြန်သည်။
"ဘာလဲ..ဘာဖြစ်ချင်လို့လဲ..."
အထူး စကား မပြောချင်လို့ မကြည့်တော့ပဲ ပုံကိုပဲ သေချာကြည့်ပြီး ဆက်ဆွဲနေလိုက်သည်။
ပုံကြမ်းပြီးလောက်တဲ့ အချိန်ကျမှ အလုပ်လုပ်တဲ့ ကောင်မလေးတွေ ပြန်သွားသည်။
"မပြည့် နေဦး..ကျွန်တော် မေးစရာရှိလို့.."
"မေးစေ..."
အထူး ပုံဆွဲနေတဲ့ အနားကို ရောက်လာတော့ ဖိုင်ကို သိမ်းလိုက်ပြီး မော့ကြည့်လိုက်သည်။
"ကျွန်တော်နဲ့ အစ်မကို ဘာလို့ အဲလို လိုက်ပြောနေတာလဲ...မပြည့် အဲလိုတွေ ပြောလို့ အစ်မက ကျွန်တော့်ကို စိတ်ဆိုးသွားမှာ သိလား.."
"အမယ်...မဟုတ်လို့လား..မယ်အိ ရှိနေရင် ဆရာကြီးက အခုလိုမျိုး ပုံကောင်းကောင်း ဆွဲနိုင်လို့လား.."
အစ်မရှိရင် အခုလို မြန်မြန် မဆွဲဖြစ်သော်လည်း အထူး ပျော်သည်လေ..။
"အစ်မက မနေ့ကလည်း မလာဘူး...ဒီနေ့လည်း မပြည့်မွှေလို့ မလာဘူး..မပြည့်က အကျင့်မကောင်းတဲ့လူစားမျိုး.."
အထူး လက်ညိုးထိုးပြီး ပြောလိုက်တော့ မပြည့်က နှုတ်ခမ်းကိုက်ပြီး လက်ရွယ်လို့ လန့်ပြီး တုန်ကာ နောက်တွန့်လိုက်ရသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."