အချစ်ထူး
အပိုင်း (၃၇)
#အချစ်ထူး
08422012
"မင်္ဂလာပါရှင်...ဘာများလိုအပ်လို့ပါလဲရှင့်..."
"ကြည့်တာပါ..."
"ဟုတ်ကဲ့ရှင့်..ဒီဘက်မှာ စတီးပစ္စည်းတွေ လည်း ရှိပါတယ်..."
".........."
"ကိုထူး ဝယ်ခိုင်းတဲ့ စာရင်းထည့်ဦးနော်...ဒိုက်ဘာရယ်...နောက်ပြီး..ဘာလဲ...သြော်...လက်ဖက်ရည် တစ်ထုပ်ရယ်..."
"အဲ့ ကိုထူးကလည်း... သူဌေးဆိုပြီး ထောင်ဂဏန်းလောက်က အစ စာရင်းထည့်နေရတယ်..."
"အေးလေ..."
အထူး သားကို ဒိုက်ဘာ အသစ်လဲပေးနေရင်းက လှမ်းအော်ချင်ပေမဲ့ လန့်သွားမှာစိုးလို့ ငြိမ်နေရသည်။
"သြော်...ကိုထူး လဲပေးလိုက်ပြီလား....ဖြိုး က ခုပဲ လာလဲပေးတာ..."
"ရပါတယ်...အားနာလို့..သားကိစ္စတွေကို ကိုယ့်ဟာကိုပဲ လုပ်ပေးပါမယ်..."
"ဖြိုးက သားလေးကို ချစ်လို့ပါ...အားမနာနဲ့..."
ဖြိုးဖြိုးက အလုပ်လုပ်တာကြာနေပြိမို့ အလုပ်ကိစ္စ အတော်များများကိုလည်း သိသလို သားရဲ့အလုပ်တွေကိုလည်း ကူညီပေးသည်။
"ပြီးသွားပြီလား..လာ...သားသား...အန်တီနဲ့နေနော်...ဖေကြီး အလုပ်ရှိနေတယ်....ကိုထူး ကို မမျိုးက ဖုန်းပြန်ဆက်ပေးပါတဲ့....ပစ္စည်းမှာတာ အပူကပ်ဖို့ထင်တယ်...."
"အင်း..ရှိရင်တော့ ရောင်းပေးလိုက်ပါ...သူလည်း တစ်ချိန်တုန်းက ဒီမှာပဲ ဝယ်တာပဲလေ..."
"အဲ့...အဲ့...."
"သွပ်...သွပ်..."
"နည်းနည်းကပ်ချီလိုက်..."
အထူး သင်ပေးတဲ့အတိုင်း ဖြိုးဖြိုး က ရင်ခွင်မှာ ကပ်ချီလိုက်တော့ သားက မငိုတော့ပဲ ငြိမ်နေသည်။
"မိုးရွာထဲ ခေါ်လာတာတောင် ကလေးက မဖျားဘူးနော်...တော်တော် ကျန်းမာတယ်..."
"အင်း.."
အထူး ဖုန်းကောင်တာကို သွားပြီး ဖုန်းကောက်ယူကာ ဖုန်းဆက်ရသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."