Part 3

4.4K 240 66
                                    


အချစ်ထူး

အပိုင်း(၃)

#အချစ်ထူး

"ပုံဆွဲတဲ့အခါ သုံးတဲ့ ဆေးတွေ မတူဘူး...ဒါ ရေဆေးလို့ ခေါ်တယ်...ပန်းချီဆွဲရင် ဒီဆေးနဲ့တော်တော်များများ ဆွဲရတယ်...မင်းဆွဲတက်တဲ့ ခဲပန်းချီကလည်း ပန်းချီပဲ ...ဒါကျတော့ အရောင်တွေကို သုံးပြီး ပုံဖော်ရတာပေါ့ကွာ...အလင်း အမှောင် အရိပ် အရောင် အနိမ့်အမြင့်ဖြစ်အောင် ဆွဲတက်ရင် အသက်ဝင်တဲ့ ပန်းချီပုံကောင်းကောင်းထွက်တယ်...မင်းကို ငါ လေ့ကျင့်ခိုင်းထားတဲ့ ပုံရိပ်တွေ မြင်ကွင်းတွေ အချိုးအစားတွေ ဆွဲတက်ပြီ ဆိုပေမဲ့ အရောင်မသုံးတက်ရင် ပန်းချီပုံ မထွက်နိုင်သေးဘူး...နားလည်လား.."

"ဟုတ်ကဲ့..."

အထူး ရှေ့က အရောင်စုံခွက်ကို ကြည့်ပြီး လက်ပိုက်ကာ ခေါင်းညိတ်လိုက်သည်။

အထူးကို အဲ့အရောင်တွေနဲ့ လေ့ကျင့်ခိုင်းနေတာ တစ်ပတ်ကျော်နေပြီ..။

အရောင် နှစ်ခုနဲ့ ရေနဲ့ ရောပြီး အရောင်တွေ အမျိုးမျိုး ဖြစ်အောင်စပ်ကာ အကွက်လေးထဲမှာ ဖြည့်ဆွဲပေးရသည်။

အရောင်တစ်ရောင်ထဲကို ရေနဲ့ရောပြီး အရင့်အဖျော့လည်း ဆွဲရသည်။

အရောင် အရင့်ကနေ အမှိန်ဖြစ်အောင်လည်း ဆွဲရသည်။

အဝါနဲ့အနီရောရင် လိမ္မော်ရောင် ဖြစ်တာ အဝါနဲ့ အပြာရောရင် အစိမ်း အရောင် ရတာမျိုးတွေကို အထူး အလွတ်တောင်ရနေပြီ..။

အရောင်အရင့်တွေကနေ ဖျော့သွားအောင်လည်း လုပ်တက်နေပြီ..။

ပုံသေးသေးလေးတွေလည်း အများကြီးဆွဲပြီး ဆေးခြယ်ရသည်။

အထူး နေ့တိုင်း အရောင်တွေ ဆွဲနေရပေမဲ့လည်း အလင်းအမှောင် တွဲရတာ တွေကို နားမလည်ပါဘူး..။

"အခု မင်းကို ဆွဲခိုင်းထားတဲ့ ပုံကြမ်းကို ဆရာက ရေဆေးသုံးပြီး ပန်းချီအဖြစ် ပုံဆွဲပြမယ်..."

"ဟုတ်ကဲ့..."

"ဒီမှာ ဘာ အရောင်တွေ သုံးဖို့လိုတယ်လို့မင်းထင်လဲ..."

"ကောင်းကင်က အပြာ..နောက်...သစ်ပင်က အညိုပါ ဆရာကြီး..."

"အင်း...ဟုတ်တယ်...ခု အရင် စက္ကူကို ရေနဲ့သုတ်လိုက်မယ်..."

အချစ်ထူးWhere stories live. Discover now