အချစ်ထူး
အပိုင်း (၇)
#အချစ်ထူး
07070355
"အစ်မ..."
အထူး မျှော်လင့်တဲ့စိတ်နဲ့ အတူ တောင်းဆိုတဲ့ မျက်ဝန်းတွေဖြင့် ကြည့်မိပေမဲ့လည်း သနားပါ့မလား မသေချာ..။
ဒေါ်လေးက လွဲလို့ တခြား ဘယ်သူကိုမှ အားငယ်တဲ့ မျက်လုံး အသနားခံတဲ့ မျက်လုံးမျိုးဖြင့် မကြည့်ခဲ့ဖူးပါ..။
ဒေါ်လေး အရိုက်ခံရမှာ ကြောက်သလို အစ်မနဲ့ အဝေးကို ပြန်သွားရမှာကိုလည်း အထူး ကြောက်ပါသည်။
"နေလို့ကောင်းနေပြီမလား..တစ်ရက်ကုရင် ပျောက်တဲ့ အစာအိမ်ရောဂါကို ဟိုမှာသာ ကုရင် တလွဲဖြစ်ပြီး အသက်ပါ ပါသွားနိုင်တယ်နော်..."
အထူး ရောဂါ အကြောင်းတွေ ဝေဒနာ အကြောင်းတွေ အသက်ပါတာ မပါတာတွေ စိတ်မဝင်စားပါဘူး..။
တစ်ပတ်အတွင်း အထူးလောကမှာ အသက်ရှင်ဖို့ အကြောင်းတရားက အစ်မပဲ ကျန်သည်။
အစ်မဆီက ပြန်သွားရရင်တော့ အထူး လာခဲ့တဲ့ နေရာကို ပြန်မရောက်ခင် သတ်သေချင် သေပစ်လိုက်မှာပဲ..။
အဲလို စိတ်ထဲရှိတာ ပြောရင်လည်း ညီမလေးလို့ သတ်မှတ်မိတဲ့ အစ်မ သူငယ်ချင်းက "အရူးပါဟယ် မြန်မြန် ပြန်လွှတ်လိုက်ပါ အမှုပတ်နေဦးမယ်"လို့ အစ်မကို ကုန်းတိုက်မှာ ကြောက်ရသည်။
"ဆေးရုံက ဆင်းလို့ရပြီ...အဟာရရှိတာတွေပဲ စားနော်...ဒါမှ ကိုယ်ခံအားကောင်းလာမှာ...ဆရာဝန်က ပေါင်ချိန်လည်း အရမ်းနည်းနေတယ်လို့ ပြောတယ်...အစားများများ စားရမယ်နော်...သောက်ဖို့ အားဆေးလည်း ဆရာဝန်က ညွန်းပေးထားပါတယ်..."
"အစ်မ...ကျွန်တော့်ကို ကြည့်..."
အထူး ခပ်ကျယ်ကျယ် ပြောလိုက်တော့ အလုံပိတ် အခန်းအဖြူထဲမှာ ဟိန်းထွက်သွားလို့ ကိုယ်တိုင်တောင် မျက်လုံးပြူးသွားရသည်။
အစ်မက သောက်ရေခွက်နဲ့ ချိုင့်ခွက်ကို ဆွဲခြင်းထောင်းထဲ ထည့်ရင်း ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းတဲ့ မျက်လုံးပြူလေးတွေဖြင့် လှည့်ကြည့်သည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."