အချစ်ထူး
အပိုင်း(၂၂)
#အချစ်ထူး
07140921
"တင်တောင်...တင်တောင်...တင်တောင်..."
အိ ညတုန်းက ညနက်တဲ့အထိ ငိုနေမိတာကြောင့် ဘဲလ်သံကြားတာနဲ့ ခေါင်းက ထိုးကိုက်သွားသည်။
မေမေ က ဆူလို့မဝသေးလို့ ရောက်လာပြန်ပြီ ထင်ပါတယ်။
အိ သက်ပြင်းချလိုက်ပြီး အိမ်ရှေ့ခန်းကို ထွက်လာခဲ့လိုက်သည်။
အခန်းတံခါးကို ဖွင့်ပေးလိုက်ချိန်မှာတော့ မျက်လုံးပြူးကျယ်သွားရသည်။
"ထူး..ထူးကျော်..."
"အစ်မက ချစ်ဖို့ကောင်းလိုက်တာ..."
"ဟင်..."
အိ မတွေ့တာ ကြာပြီ ဖြစ်တဲ့ သူ့ကို ငေးကြည့်နေမိပြီးမှ သူ က အပြုံးနဲ့ပြောလို့ ကိုယ့်ကိုယ်ကို ပြန်သတိရတော့သည်။
ဝက်ဝံရုပ်လေးတွေပါတဲ့ ညအိပ်ဝတ်စုံကြီးနဲ့ ခေါင်းပတ်က နားရွက် နှစ်ခုကလည်း ထောင်နေမည့်ပုံ...။
"ဘာ...ဘာလာလုပ်..ဘယ်လိုရောက်တာလဲ..."
အိ မေးတာကို မဖြေပဲ တံခါးကို ဆွဲကာ အခန်းထဲ ဝင်လာပြီး ဖိနပ်ကို ချွတ်၍ စင်ပေါ်တင်သည်။
"မေမေ လွှတ်လိုက်တာ...အစ်မ ငိုနေတာမလား..."
"မငိုပါဘူး.."
အိ မျက်နှာစူပုတ်ပုတ်ဖြင့် ငြင်းလိုက်သော်လည်းပဲ လူကို ဝမ်းနည်းသလို စိတ်မကောင်းသလို ကြည့်နေသည်။
တစ်ချိန်လုံး ပျောက်နေပြီး မေမေ့ အမိန့်ရတော့မှ ကြွလာတာ..။
"အစ်မ ခုမှ အိပ်ရာနိုးတာလား..."
"အွင်း.."
"အဲဒါကြောင့် မေမေ က ဆယ်နာရီမှ သွားဖို့ ပြောတာပဲ...အိပ်ရေးဝပြီလား.."
"မဝဘူး.."
"ဒါဆို ပြန်အိပ်လေ...ကျွန်တော် စောင့်နေမယ်...ပြီးမှ သွားကြမယ်.."
"ဟမ်...ဘယ်သွားမလို့လဲ..."
အိမ်ရှေ့ခန်းက ဆိုဖာမှာ ဝင်ထိုင်ရင်း ပြောတော့ အိ အံသြရပါသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."