အချစ်ထူး
အပိုင်း (၈)
#အချစ်ထူး
07080938
"မယ်အိ...နင်နဲ့သူ ဘာတွေလဲဟာ..."
ပန်းချီကား ပို့ပေးဖို့အတွက် သေချာလေးထုတ်ပိုးနေချိန် ပြည့်ပြည့်က ပြောတော့ လုပ်လက်စကိုပဲ လုပ်ရင်း ရယ်မိသည်။
"ဟဲ့..ဘာရယ်နေတာလဲ..."
"ဘာတွေ ဖြစ်ရမှာလဲ...အလုပ်ရှင်နဲ့ ဝန်ထမ်းပဲပေါ့..."
"ဟုတ်တယ်...ငါ က အရူးဆိုတော့ မသိဘူးပေါ့..."
"ငါ့အကြောင်းတွေကို နင်သိသားပဲ မိပြည့်ရယ်..."
"အဲဒါဆိုလည်း သိပ်မပတ်သက်နဲ့လေ...."
"မပတ်သက်ပါဘူး..."
"သြော်..မနက်က နှုတ်ခမ်းမွှေးတောင် နှုတ်ပေးနေတာကျတော့...ဘာလဲ..."
အိ့ရဲ့ သူငယ်ချင်း အရင်းကြီးက ကိုယ့်ကို နားမလည်တော့ သက်ပြင်းဖွဖွ ချလိုက်မိသည်။
လူတွေပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ လူတွေနဲ့ ဝေးရာမှာနေပြီး သေဖို့ပဲ တွေးနေမိတဲ့ ခံစားချက်ကို ကောင်းကောင်းသိနေလို့ ကူညီချင်ခဲ့တာ..။
မထင်ထားပဲ ကိုယ်လေးစားခဲ့ရတဲ့ အနုပညာ ဖန်တီးသူ ဖြစ်နေလို့ အစစ ကူညီခဲ့သည်။
သူ့အိမ်မှာ ပစ္စည်းတွေ သွားသိမ်းပေးရင်း ခဲပန်းချီစာအုပ်ကို တွေ့ခဲ့ရတော့ ပိုပြီး ကူညီ ဖေးမချင်ပါသည်။
အနှိပ်စက်ခံရတဲ့ အဖြစ်တွေကို ခဲပန်းချီလေးတွေနဲ့ ဆွဲထားတာ ဆိုပေမဲ့ ပုံရိပ်တွေကို ကြည့်ရုံဖြင့် သူ့အတွက် ငရဲဖြစ်ခဲ့တာကို အိ ခန့်မှန်းလို့ရပါသည်။
ကလေးဘဝကတည်း ပိတ်လှောင်ဖမ်းချုပ်ခံထားရပြီး အနိုင်ကျင့်နှိပ်စက် အကြမ်းဖက်ခံရတာတွေကြောင့် သူ ပြောဆို ပြုမူနေသမျှ ထူးဆန်းနေတာကို အိ နားလည်နိုင်ပါသည်။
"နင်က သနားတက်တာ လူတိုင်းကို ကူညီချင်စိတ်ရှိတာ သိပေမဲ့လည်း..ဒီဆိုက်ကို ကို လျော့မတွက်နဲ့နော်....ငါတော့ အရူးပါးလို့ ထင်တာပဲ..."
မိပြည့် အထင်လွဲနေတာကိုလည်း သေချာ ရှင်းရဦးမည်။
မဟုတ်ရင် ကောက်တော်မူလိမ့်ဦးမည်လေ..။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."