အချစ်ထူး
အပိုင်း (၃၈)
#အချစ်ထူး
09191219
"အူငဲ..."
"........"
သား ငိုသံကြောင့် အစ်မ နိုးသွားမှာ စိုးလို့ အထူး ကပျာကယာ ထ ပြီး ခုတင်ပေါ်က ဖြည်းဖြည်း ဆင်းလိုက်သည်။
အိမ်ကို ပြန်ရောက်တော့ အထူး နံရံဘက်မှာ မအိပ်တော့ပဲ ဆင်းလို့လွယ်အောင် အိပ်သည်။
သားအတွက် ခုတင်ပုခက်လေးကိုလည်း အထူးတို့ ခုတင်ဘေးမှာ သပ်သပ်ထားသည်။
သားက ညပိုင်း ထ ပေမဲ့ အစ်မက အိပ်ပျော်နေလို့ တော်သေးသည်။
အိပ်ရာနိုးပြီး ငိုချင်နေတဲ့ သားကို ပွေ့ချီလိုက်ပြီး အခန်းထဲက မြန်မြန် ထွက်လာခဲ့လိုက်သည်။
"အူငဲ..."
"ရှုး...ရှုး....မေမေ အိပ်နေတယ်...တိုးတိုး..."
"......"
သား ကို လှုပ်ပိုက်လိုက်တော့ ခဏငြိမ်သွားပြီး အထူးကို ကြည့်နေသည်။
အထူး ပြုံးပြလိုက်တော့ နှုတ်ခမ်းလေး တွန့်ပြီးရယ်လို့ ပါးလေးကို လက်ညိုးနဲ့ တို့လိုက်မိသည်။
"သားက ရယ်ရင် ချစ်ဖို့ကောင်းတယ်..မေမေ့ကို များများရယ်ပြနော်...ဒါမှ မေမေ ချစ်သွားလိမ့်မယ်..."
အထူး ပြောတာ ကို နားမလည်ပေမဲ့လည်း နှုတ်ခမ်းလေးက လှုပ်စိ လှုပ်စိနဲ့ ပြောနေသေးသည်။
"ဗိုက်ဆာလို့လား..ဖေဖေ နို့ဖျော်ပေးမယ်နော်..."
ထမင်းစားပွဲပေါ်မှာ သားကို ချထားလိုက်ပြီး နို့မှုန့်ဖျော်ဖို့ မြန်မြန် ပြင်ဆင်ရသည်။
နို့ဘူးကို ရေနွေးနဲ့ပဲ ဆေးရတာမို့ အထူး ရေနွေးလည်း တစ်ခါတည်း တည်ရသည်။
"အူငဲ..."
"ရှုး...မေမေ နိုးသွားရင် စိတ်ဆိုးလိမ့်မယ်..."
အထူးပြောလိုက်တော့ သားက နားလည်သလိုပဲ တိတ်သွားလို့ ရယ်မိသည်။
နို့ဘူးရတော့ သားကို ပိုက်ချီပြီး ခုံမှာ ထိုင်ကာ ဖြည်းဖြည်းချင်း တိုက်ရသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."