အချစ်ထူး
အပိုင်း (၂၄)
#အချစ်ထူး
07151108
"အစ်ကို...အစ်မကို ပြန်လိုချင်နေတာလား.."
အထူး လက်ထဲက ခဲတံနဲ့ အနားစလိုက်သတ်နေရင်း မေးလိုက်တော့ တစ်ဖက်က အသံတိတ်သွားသည်။
လမ်းပေါ်က ကားတစ်စီးမောင်းသွားတဲ့ အသံက လွဲလို့ အကုန်လုံး တိတ်ဆိတ်သွားသလိုပါပဲ..။
တစ်ဖက်က ငြိမ်သက်စဉ်းစားနေသလို အထူးလည်း လက်လှုပ်နေရုံကလွဲလို့ စိတ်အာရုံတွေက တိတ်ဆိတ်နေသည်။
".........."
အချိန်ကြာတဲ့ အထိ စကားသံ ထွက်မလာတော့မှ အထူး ဘက်က သက်ပြင်းချသံ တစ်ခုသာ ထွက်သွားသည်။
"မင်းခဏ ကွယ်ပျောက်ပေးစမ်းပါ...နောက်ဆုတ်ပေးစမ်းပါ" တဲ့..။
သူက အရက်မူးပြီး ပြောတာ ဆိုပေမဲ့လည်း အစ်မဘေးကနေ ကွယ်ပျောက်သွားဖို့ဆို အထူး သေသွားမှသာ ဖြစ်လိမ့်မည်။
ဒါတောင် ဝိညာဉ်ဘဝနဲ့ အစ်မနားမှာ နေချင်သေးသည်။
နောက်ဆုတ် ပေးစမ်း ပါ ဆိုတာ ဘာကို ဆိုလိုတာလည်း အထူး မသိပါ..။
အစ်မဘေးနားမှာ ရှိနေတာကို နောက်ဆုတ်ခိုင်းတာလား..။
အထူးကတော့ ရှေ့ကို မြန်မြန်သွားချင်နေတာ..။
အစ်မနဲ့ မြန်မြန်နီးချင်လို့ အများကြီး ကြိုးစားနေရတာ..။
သူ့လိုတော့ မပြည့်စုံ မချမ်းသာသေးပေမဲ့လည်း အထူး ကြိုးစားမှာပါ..။
"ပြန်လိုချင်တယ်ပြောရင် မတရားမှန်း သိပေမဲ့ သူမရှိတဲ့ နေ့ရက်တွေက လုံး၀ အဓိပ္ပာယ်မရှိဘူး...သူက ငါ့အပေါ် သိပ်ကောင်းခဲ့တာ...အနစ်နာလည်း အရမ်းခံခဲ့တယ်..အရမ်းလည်း ချစ်ပေးခဲ့တာ...အဲဒါကြောင့် ငါ နေ့တိုင်း နောင်တတွေနဲ့ အသက်ရှင်နေရတာ နေ့တိုင်း ပင်ပန်းတယ်..."
"မပြည့် ပြောတာ အစ်မကို အစ်ကို က ထားခဲ့ပြီး နောက်မိန်းမ တစ်ယောက်ကို ထပ်ယူလိုက်တယ်..နောက်ပြီး အစ်မကို မစာနာခဲ့ဘူး...အစ်မ ခံစားနေမှာ သိရဲ့သားနဲ့ လိုင်းပေါ်မှာ တခြားမိန်းမနဲ့ လက်ထပ်ပြီးပျော်နေတဲ့ ပုံတွေ နေ့တိုင်းတင်ခဲ့တယ်..အဲဒါကြောင့် အစ်မက ဖေ့ဘုတ်တောင် မသုံးရဲတော့ဘူးတဲ့...အဲဒါ အမှန်လား.."
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."