Part 44

4.8K 322 116
                                    


အချစ်ထူး

အပိုင်း (၄၄)

#အချစ်ထူး

12090139

"နေကောင်းရဲ့လား..."

"ဟုတ်..."

"အသံက တစ်မျိုး ဖြစ်နေတယ်..."

"မဖြစ်ပါဘူး...အစ်မရဲ့..."

"အိ က ကိုကြီးနဲ့ တူတူ ပြန်လာမယ် ထင်လို့ လေဆိပ်သွားကြိုသေးတယ်...အမေ နေမကောင်းလို့ နေခဲ့ရတာဆို...အထူး တစ်ယောက်တည်း ကျန်ခဲ့တော့ အဆင်ပြေပါ့မလား..."

"ဟုတ်...အဆင်ပြေပါတယ်...."

"အဆင်ပြေတယ်ဆိုပြီး တစ်ပတ်လုံး...ဖုန်းတောင် မဆက်ဘူး..စိတ်ပူနေရတာ..."

"ဖုန်းက ခုမှ သုံးတက်လို့ပါ..."

"ဟုတ်ပါပြီ..အိ က စိတ်ပူနေတာ...သားကလည်း လွမ်းနေတာ သိလား...အိ ပြန်သွားရင် ကားထဲကို လိုက်ကြည့်ပြီး ရှာနေသေးတယ်..."

"အစ်မ ဆေးရုံပြန်ပြသေးလား..."

"ပြပါတယ်...အာထရွာဆောင်းလည်း ရိုက်ရတယ်...အဆင်ပြေသွားပါပြီ..."

"တော်သေးတာပေါ့....ဆေးတော့ ဆက်သောက်ရမယ်နော်..."

"ဟုတ်ကဲ့ပါရှင်..ဟုတ်ကဲ့..ဟုတ်ကဲ့...ဒါပဲနော်...အိ လွမ်းလို့...အထူး ဘက်က လိုင်းရတဲ့ အခါ ဖုန်းခေါ်နော်..."

"ဟုတ်..."

အထူး ဖုန်းချလိုက်ပြီး လိုင်းလည်း ပိတ်လိုက်ကာ သက်ပြင်း ဖွဖွ ချမိသည်။

အစ်ကိုကြီး ပြန်သွားရင် အစ်မက မေးပြီး စိတ်ပူတော့မယ်ဆိုတာ သိလို့ ဖုန်းဆက်လိုက်ရတာ။

အစ်မ အသံလေးကြားလိုက်တော့ အထူးမှာ ပိုသတိရသွားသည်။

"နိုးပြီလား...ဆရာ.."

ကောင်လေး က  နှုတ်ဆက်ရင်း ဝင်လာတော့ အထူးလည်း ခေါင်းညိတ်ပြလိုက်ရသည်။

"ဆရာ့အစ်ကိုကြီး သေချာ ပြန်ရောက်ရဲ့လား..."

"ဟုတ်ကဲ့...ရောက်သွားပါပြီ...ညီ့ကို ကျေးဇူးတင်ကြောင်း ပြောခိုင်းတယ်..."

"ရပါတယ်ဗျ..."

အထူး နဲ့ အစ်ကိုကြီး နှစ်ယောက်သား ရောက်လာပေမဲ့ ဘာသာစကားတော့ မတက်ပါဘူး။

အချစ်ထူးOpowieści tętniące życiem. Odkryj je teraz