" တောင်းပန်ပါတယ် ကျွန်တော့်ခံစားချက်တွေကို
အတည်ပြုချင်ရုံသက်သက်နဲ့ စီနီယာအပေါ်
အမှားတွေကျူးလွန်မိခဲ့တယ်...."ဘယ်လောက်တောင်မှမုန်းတီးပစ်ချင်စရာ
စကားလုံးမျိုးလဲ။ ဂျွန်နဲ့ပတ်သတ်လာသည့်
အချိန်တွေက တခဏလေးဆိုရင်တောင်
ဘယ်တုန်းကမှစိ တ်ကွက်ခြင်းမရှိခဲ့ဘဲ
အဘက်ဘက်ကဖြည့်တွေးရင်းတစိမ့်စိမ့်
သဘောကျခဲ့သမျှကိုဒီကနေ့မှာ
သူပြောထွက်သွားတာတွေက ရှိရှိသမျှ
စိတ်လေးတွေကိုအပိုင်းပိုင်းရိုက်ချိုးခဲ့သလို။မျက်လုံးဝိုင်းတွေကိုစူးစိုက်ကြည့်ရင်း
ရစ်သိုင်းလာသည့်မျက်ရည်စတွေဟာ
ဒီကောင်လေးကိုဘယ်လောက်ထိတွယ်တာမိခဲ့ကြောင်းထင်ရှားသည်။
တိတ်ဆိတ်လွန်းသည့်ဒီကားလေးထဲ
လမ်းခွဲခြင်းက တစ်ဖတ်သတ်ဆန်ဆန်
နာကျင်စရာတွေကြီး သီးသန့်ဖြစ်သည်။" ဘာလို့လဲ ဘာလို့ ဒီလို လုပ်ခဲ့ရတာလဲ..."
" မဖြစ်မနေ ထုတ်ပြောမှရမှာလား ကျွန်တော်
တောင်းပန်ပါတယ် ကျွန်တော်မှားခဲ့မိတယ်
စီနီယာရဲ့ခံစားချက်တွေအထိ...."" ဂျီမင်ရှီကြောင့်မလား..."
ဂျွန်ကတစ်ဖန် မျက်လုံးတွေကိုစိုက်ကြည့်သည်။
အားနာလွန်းလို့မျက်နှာတွေပူရလွန်းလွန်း
ဒီနေရာမှထွက်ပြေးချင်လည်း ယူဂျောင်ဟွန်းက
မေးခွန်းတွေကိုထပ်မံဖန်တီးသည်။" ကျွန်တော့်ကြောင့်ပါ ကျွန်တော်ကိုက
သူ့ကိုပဲ သဘောကျနေမိခဲ့တော့...."" မင်းသွားလို့ ရပြီ.."
" ခင်ဗျာ...."
" မင်းဖြစ်စေချင်သလိုငါတို့ပတ်သတ်မှုက
ပြီးပြတ်ပြီမို့ ကံကောင်းပါစေ မင်းပြန်လို့ရပြီ..."" အာ ဟုတ်...ကဲ့..."
ကားထဲမှထွက်လာခဲ့သည်၊
စိတ်တွေလှုပ်ရှားတာလည်းအလွန်ပါပဲ၊
အဆိုးဆုံးကတော့ စီနီယာနဲ့ပတ်သတ်ပြီး
ကိုယ့်ကိုယ်ကိုမကောင်းတဲ့ လူတစ်ယောက်လို
ခံစားလိုက်ရခြင်းပါ။အရှိန်ကုန်မောင်းထွက်သွားပြီဖြစ်သည့်
ကားကိုရပ်ကြည့်နေရင်းမှ အားနာစိတ်တွေက
မကုန်ခမ်းသေး၊သို့သော်အားနာတာက
အားနာတာပေမယ့် တစ်ယောက်သောသူကိုလည်း
မေ့လို့မရသေး၊ မင်ဝူးမက်ဆေ့ချ်လေးကိုမြင်တော့
အနီးအနားက ပန်းဆိုင်တစ်ခုမှာ ပန်းတွေ
ဝင်ရောက်ဝယ်ယူခဲ့သည်။