အပိုင်း(၂၅)

1.6K 120 7
                                    

" တကယ်တော့ကွာ သူ့မှာရီးစားရှိနေတာကြီးကို
လှေနံနှစ်ဖက်နင်းရုံမဟုတ်ဘူး သုံးလေးဖက်လောက်
နင်းနေတာသိလား .... "

" Background ကောင်းတော့
အရမ်းမြောက်ကြွမြောက်ကြွနဲ့ ပြီးတော့လေ
သူ့အိမ်က သဘောတူထားတဲ့သူလည်းရှိတယ်တဲ့..."

မကြာမကြာ ကြားရလေ့ရှိသော
ကျောင်းတော်ကြီးအတွင်းမှ သတင်းတွေကို
ရည်းစားဖြစ်သူဂျွန်နဲ့နှစ်ယောက်ထဲရှိတိုင်း
ဂျီမင်က အားရပါးရပြောပြတတ်သည်။
အတင်းပြောသည်ပဲဆိုမလား၊ ပတ်ခ်ဂျီမင်က
လွဲဘာမှမသိသောဂျွန့်အား အတင်းအဖျင်းတွေ
ပြောပြရသည်ကလည်း အလုပ်တစ်ခုလိုပါပဲ။

" အာ... ရုပ်လည်းအဲ့လောက်မချောတာကို..."

ပြန်မပြောရင်လည်း စိတ်ကောက်ပေဦးမည်မို့
သိပ်မသိသော်ငြား ဂျွန်က မနည်းအမှီလိုက်ရင်း
ဂျီမင်နဲ့အတူ ဝိုင်းကူအတင်းပြောပေးရသည်။

" အဲ့ဒါပြောတာ ဂျွန်ရာ .. မင်းဆိုရင်ကော
ကြိုက်မလား.... "

" မကြိုက်ပါဘူး ဘာကြီးဖြစ်နေနေ ဂျီမင်မဟုတ်ရင်
မျက်လုံးချင်းတောင်မဆုံနိုင်ဘူး..."

" ရီးဇားလေးက အရမ်းကြော်ငြာဝင်တာပဲ..."

ဂျွန့်ပါးတွေကိုခပ်ဖွဖွဆွဲဖျစ်ရင်း ရီးစားလေး
ဂျွန့်အားအသည်းယားသည်။

ဒီကနေ့က ဂျွန့်ဖေဖေနဲ့ ဆယ်ရာတို့ဆိုးလ်ကို
ရောက်ရှိလာသည့်နေ့မို့ နှစ်ဦးသားအတန်းမတတ်ပါဘဲ
သွားရောက်တွေ့ဆုံရန်အတွက် ဒါကကျောင်းမှ
အပြန်လမ်းလေးဘဲ။

" ဘတ်စ်ကားနဲ့သွားမှာမလား ဂျွန်. ... "

" ဟုတ်တယ် အဆင်ပြေတယ်မလား.."

" ပြေတယ်လေ..."

တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားရင်း
လှည့်ပတ်သွားလာနေရသည့် နေ့ရက်လေးတွေက
မြောက်များစွာသော အမှတ်တရတွေပဲ။
ဘေးချင်းကပ်လျှောက်နေရင်းမှ
ငုံ့မိုးကြည့်လိုက်သူနဲ့အပြုံးတွေနဲ့မော်ကြည့်လိုက်သူတို့
ထပ်တူကြသွားသည့် အခိုက်အတန့်တွေက
စကားလုံးတွေမပါဝင်ပါဘဲ ပြိုင်တူရယ်မိခဲ့ကြသည်။

" သွားအကြီးကြီးတွေက ချစ်စရာကောင်းလိုက်တာ "

ဂျီမင်တို့ချစ်ပုံချစ်နည်းက တစ်မျိုးတစ်ဖုံ။
စိတ်လိုလက်ရပြုံးရယ်လိုက်တိုင်း ပေါ်ထွက်လာသည့်
ရှေ့သွားအကြီးကြီးတွေနဲ့ နှာခေါင်းလေးရှုံ့လိုက်ပုံက
သိပ်အသည်းယားစရာကောင်းတာအမှန်။

အကယ်၍များWhere stories live. Discover now