အပိုင်း (၃၉)

1.2K 109 16
                                    

ထုတ်ဖော်မငြီးငြူဘဲ အပူအပင်တွေကို
မမျှဝေချင်သည့် စိတ်ကလွဲရင်
ကျွန်တော်သေလောက်အောင်ပင်ပန်းနေပြီ
ဖြစ်သည်။

ဘယ်ကို​​​ကြည့်ကြည့် ၊ ဘယ်ကိုလက်ညှိုး ထိုးထိုး
စိတ်ပင်ပန်းစရာတွေကြား အရာရာကို
စုပြုံရောချရင်း အခန်းတံခါးပိတ်ကာ
ကျွန်တော် ငိုမိခဲ့တာ ထိုတစ်နေ့လုံးပဲ။

ဒီအခြေအနေတွေထဲ သူကတော့နံဘေးရှိနေရင်
တချို့တဝက် အခက်အခဲတွေအား
ဂျွန်ခပ်သာသာ ကျော်ဖြတ်နိုင်မှာပေမယ့်
သူကိုယ်တိုင်ကပင် အဆုံးထိကိုစိတ်တွေအား
ဆွဲချသွားသည်။
ပင်ပန်းလာသည့်စိတ်တွေ၊
ထိုးကျဆင်းသွားသည့်စိတ်တွေမှာ
ကိုယ့်ကိုယ်ကိုပင် ပျောက်ဆုံးချင်လာသည်။
ရပ်တန့်ပစ်လိုက်ချင်သည်၊
လက်လွှတ်ပေးလိုက်ချင်သည်။
ဘယ်သူ့တစ်ဦးတစ်ယောက်ကိုမှမနာကျင်စေဘဲ၊
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမထိခိုက်စေမည့်
အချိန်ကာလတွေထဲ ထွက်ပြေးချင်သည်။

အမှိုင်မှိုင်အထွေထွေ နေ့ရက်တွေထဲ
စိတ်ရောကိုယ်ရောနေရာတစ်ခုစီဖြင့်
မျက်လုံးတွေဟာအသက်မပါသလို။

" အဆင်ပြေသွားမှာပါ...
မင်းကိုကြည့်ရတာ တော်တော်လေး
အဆင်မပြေဘူးဂျွန်.....ကျန်းမာရေးရော
ကောင်းရဲ့လား..... "

" အင်း ငါဘာမှမဖြစ်တာမို့ ရတယ်..."

" ဂျီမင်ကလည်းကွာ... ဒီလောက်ကြီးကျ
မဟုတ်သေးဘူး ... လွန်လွန်းတယ်..."

"လွန်တယ်လည်းဘယ်ဟုတ်ပါ့မလဲ
အဲ့ဒါက သူ့ပုံစံပဲမလား...."

လက်တွင်နေသားတကျရှိလာသည့်
ငွေရောင်ဟန်းချိန်းလေးအား
အချိန်အတော်ကြာအောင်လက်ညှိုးလေးနဲ့
ပွတ်တိုက်နေမိပြီး လေးလံနေသောစိတ်တွေဖြင့်
တစ်စုံတစ်ရာကိုလည်းနှမြောနေဟန်ရှိသည်။

" ဂျောင်ဟွန်းရှီ...ဒီဘက်ကို..."

ဂျွန်တို့ဌာနအနီးမှ ဖြတ်လျှောက်သွားသည့်
ယူဂျောင်ဟွန်းက အလုပ်ကိစ္စနဲ့
ရောက်ရှိနေပုံပေါ်သည်။
ဒိတ်ဒိတ်ကြဲတစ်ဦး ပီသစွာဖြင့်
ရောက်ရှိလာသည်နဲ့ ကုမ္မဏီအတွင်း
တာဝန်ရှိသူတချို့ဖြင့် ပျာယာခတ်လျက်ရှိသည်။
ဂျွန်ကတော့ သတိထားမိဟန်မပေါ်ပေမယ့်
မန်နေဂျာအပြင် Staffတစ်ချို့နှင့်
ဖြတ်သန်းသွားသည့် ယူဂျောင်ဟွန်းအား
မင်ဝူးကတစ်ချက်မျှ ကဲကြည့်ရင်း
စပ်စုလိုက်ပါသေးသည်။

အကယ်၍များWhere stories live. Discover now