အပိုင်း(၁၅)

1.3K 99 7
                                    

| Ongoing လိုက်နေတဲ့သူလေးတွေက
ဒီPartကနေ စဖတ်လို့ရပါပြီရှင်.... |

အချိန်သည် မနက် ၈နာရီဝန်းကျင်။

ညကတစ်ညလုံးနီးပါး အမူးသမားရဲ့
ဥသြဆွဲခြင်းကိုစောင့်ကြည့်ကြပ်မတ်နေရခြင်းမှာ
မိုးလင်းခါနီးမှသာနှစ်ဦးသား အိပ်ပျော်သွားခဲ့ကြသည်။
မူးနောက်နေသောခေါင်းတွေကိုဖိနှိပ်ရင်းမှ
မနက်ခင်းကိုစတင်ခဲ့သည်။ကြမ်းပြင်တွင်
ခွေခွေလေးအိပ်နေသူဂျွန်ဟာ ဂျီမင်ရဲ့
ကုတင်တွေဆီကို မေးတင်လျက်
ခေါင်းချအိပ်နေခြင်းပင်ဖြစ်သည်။

မကြည်မလင်မနက်ခင်းဟု ထင်မှတ်ခဲ့ပေမယ့်
မျက်လုံးတွေပွင့်သည်နဲ့ မြင်လိုက်ရသော
ပုံရိပ်ဟာတိမ်စိုင်တွေပါ၊အနီးဆုံးမှာ
ငြိမ်ငြိမ်လေးရှိနေသည်၊မျက်လုံးဝိုင်းဝိုင်းလေးတွေ
မှိတ်ကျနေသည်။ဆံစလေးတွေနဖူးပြင်တွင်
ဝဲကျနေပြီ၊
Mulletကေဖြင့်ခေါင်းလေးသည်လည်း
ရှုပ်ပွနေသည်။ နှုတ်ခမ်းတွေထံမှပွင့်ကျလာသည်က
ဂျွန့်ရဲ့ဟောက်သံတွေပဲ၊ အသည်းယားစိတ်လေးတွေ
ဖုံးဖိမရချေတော့ နှာတံချွန်ချွန်လေးကို
ထိတွေ့ရန်ကြိုးစားခဲ့သည်။

" နိူးပြီလား ဂျီမင်..."

နှာတံထိပ်ဖျားလေးကိုထိတွေ့ရန်ဆဲဆဲတွင်
မင်ဝူးကအချိန်ကိုက်ရောက်လာသည်မို့လက်တွေကိုရောယောင်ကာဖယ်ရှားလိုက်မိတော့သည်။
မျက်လုံးလေးတွေလည်းဂဏာမငြိမ်ရွေ့လျားလျက်။

" ခြင် ခြင်တွေရှိလို့ ဖမ်းပေးနေတာ..."

" အာ ငါ့တို့အခန်းမှာလည်း ခြင်ရှိတာပဲလား..."

မင်ဝူးကပွုံးစိစိမေးသည့်အခါ မျက်လုံးလေးတွေထပ်မံ၍တောင်ရွေ့မြောက်ရွေ့ဖြစ်ကုန်သည်။
ထိုစဥ် မျက်စိရှေ့က တိမ်စိုင်တွေဟာရှုပ်ပွနေသော
ဆံစတွေဖြင့် ခေါင်းထောင်နိုးလာတော့သည်။

" ဂျွန် နိုးပြီလား အဖျားရောအရှင်းပျောက်ပြီလား
မသက်သာရင်ဆေးခန်းသွားမယ်လေ..."

" အဖျားတောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး
ဆရာသမားက တစ်ညလုံးအိမ်သာထဲ
ခေါင်းစိုက်နေတော့ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်း
မသိဘူးငါ့မှာ ထမ်းပြီးပဲဆေးခန်းပြေးရတော့မလို...."

အကယ်၍များWhere stories live. Discover now