အပိုင်း(၂၃)

1.4K 122 10
                                    

[ Febuary 14 ]

ဒီနေ့က လူငယ်တော်တော်များများထံရေပန်းစား
အပြောများကြတဲ့နေ့တစ်နေ့သော်ငြား ဂျွန်နဲ့
ဂျီမင်ကတော့ ပုံမှန်ရက်တွေလိုပဲ
ကျောင်းသွားခြင်းကိုပြုသည်။

တက္ကသိုလ်ကျောင်းဝန်းထဲမှသူသူငါငါ
အပြန်အလှ န်ချစ်သူစုံတွဲအချင်းချင်း
Supriseတိုက်နေကြသော်လည်း
ကျွန်တော်တို့ဂျွန်ဂျောင်ဂုကတော့ဖြင့်
ငြိမ်လွန်းနေသည်။
သိပ်တော့လည်း မျှော်လင့်မထား ၊ အရမ်းတွေ
မRoတတ်လွန်းသည့်သူမို့ ဒီနေ့က
ဗယ်လင်တိုင်းဒေးဆိုတာကိုပင် သိမှ
သိလေပါ့မလားပဲ။

" ဂျီမင်ရော ဂျွန်..."

" အတန်းတတ်နေတယ် ဒီအတန်းချိန်ပြီးရင်
သူကပြီးပြီလေ..."

" အာ ... "

ဂျီမင်အတန်းချိန်ပြီးဆုံးမှာကို စောင့်ရင်း
စာကြည့်တိုက်တစ်ခုထဲ ဂျွန်နဲ့မင်ဝူး အတူရှိနေသည်။
စာအုပ်စင်တွေမြောက်များစွာထဲက စာအုပ်တွေ
ရွေးချယ်ရင်း စကားသံတွေကိုလည်း
တိုးတိတ်စွာဖြင့် ဘေးလူတချို့ကိုအနှောင့်အယှက်
မဖြစ်စေရန်လည်း ဂရုပြုရသေးသည်။

" ဒါနဲ့ဂျွန်...ငါမင်းကိုပြောစရာရှိတယ်..."

" အင်းပြောလေ..."

စကားပုလ္လင်ခံနေတာကို သတိထားမိလည်း
ပုံမှန်တစ်ခုလိုပဲ စာအုပ်တွေကို ရွေးချယ်
လှန်လှောနေရင်းမှမင်ဝူးစကားကို နားစွင့်လိုက်သည်။

" စီနီယာဂျောင်ဟွန်း ကျောင်းနားလိုက်ပြီဆိုတဲ့
သတင်းသိပြီးပြီလား .... "

" ဟင့်အင်း မင်းပြောမှ..."

စာအုပ်တွေကိုထိကိုင်နေသည့် လက်လေးတွေ
ရပ်တန့်ရင်း မင်ဝူးနဲ့မျက်လုံးချင်းဆုံလိုက်သည်။
အခုမှကြားသိလိုက်ရပေမယ့် စိတ်မကောင်းမိတာက
အမှန်။ မေ့မေ့ပျောက်ပျောက်ပဲနေနေခဲ့ပြီး၊
မျက်နှာချင်းဆိုင် ထပ်တွေ့ကြဖို့က
ကောင်းမွန်သောလမ်းခွဲခြင်းတွေမှ မဟုတ်ခဲ့ကြဘဲ။

" အခြေအနေကလည်း တော်တော်လေး
ဆိုးသွားတဲ့ပုံပဲ နောက်ဆုံးအတူတူရှိခဲ့တဲ့
မင်းက ပိုသိမှာပေါ့ .... "

အကယ်၍များWhere stories live. Discover now