အပိုင်း(၃၃)

1.1K 100 14
                                    

ဖေဖေ့သတင်းကြားပြီးသည့်နောက်မှာ
ဆေးရုံတွင် ဂျွန်တို့မိသားစုလူစုံတတ်စုံ
ရောက်ရှိနေကြပြီး ဖြစ်သည်။
ဆေးရုံပေါ်တွင် ခွဲစိတ်မှုအပြီး
စိတ်ချရသည့်အနေအထားတစ်ခု
မဟုတ်သေးသည့်အခါ အားလုံးသည်
ရင်တမ မနှင့် ဘုရားတ နေရသည်။

မိခင်ဖြစ်သူကတော့ စိုးရိမ်စိတ်တချို့နဲ့
အိပ်မပျော်စားမဝင်သလို မျက်ရည်လေးတစမ်းစမ်းနဲ့
ငိုကြွေးနေတတ်သည်။
ဤသိူ့ဖြင့်မေမေပါ ကျန်းမာရေးထိခိုက်မည်ကို
စိုးသဖြင့် မေမေကိုပါဂရုတစိုက်ဖြင့်
စောင့်ကြည့်ရသည်။

ဆေးပိုက်ပေါင်းစုံနဲ့သတိလည်မလာသေးသည့်
ဖေဖေ့ကိုမြင်တိုင်းလည်းဝမ်းနည်းစိတ်နဲ့
စိုးရိမ်စိတ်တွေက တိုးတိုးတိတ်တိတ်
ကိန်းအောင်းသည်။
မေမေနဲ့ညီမလေးကိုလည်း နှစ်သိမ့်ရင်းဂျွန်က
အများကြီးပိုမိုအားတင်းနေရပါသည်။

" အဆင်ပြေသွားမှာပါ... ဘာပဲပြောပြော
ခွဲစိတ်မှုလည်းအောင်မြင်သွားတာဆိုတော့
မကြာခင်အမြန်ဆုံးသတိရလာမှာပါ.... "

မင်ဝူးလည်းရောက်ရှိလာပြီး ဆယ်ရာနဲ့
မိခင်ဖြစ်သူအား နှစ်သိမ့်စကားပြောပေးသည်။
ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်ရပြီး
ဂျွန့်ကိုလည်း ပုခုံးလေးခပ်ဖွဖွပုတ်ရင်းအားပေး
ဖြစ်သည်။

ဂျွန်မိခင်ကတော့ မင်ဝူးကိုမြင်သည်နဲ့
ထပ်မံငိုချရင်းရုတ်တရက်ဖြစ်ပွားသွားသည့်
အခြေအနေကအနည်းငယ်တော့
မယုံကြည်ချင်စရာ ကောင်းခဲ့သည်။

" တစ်ခုခုဆိုရင် ငါ့ကိုပြောနော်
ငါကူညီနိုင်တာရှိရင်လည်းပြော ငါ့တတ်နိုင်သမျှ
အကုန်လုံးလုပ်ပေးပါ...."

" အေးပါ... "

" ဒါနဲ့ ဂျီမင်ရော သိပြီးပြီလား..."

" စိတ်ပူနေမှာစိုးလို့... နောက်
အေးဆေးဖြစ်သွားမှပဲပြောပြလိုက်တော့မယ်...."

" ဒါပေမယ့်....."

ဂျီမင်ကိုပြောပြသင့်သည်ဟု မင်ဝူးပြောချင်သော်ငြား
ဂျွန့်ရဲ့စိတ်ကိုလည်းသိနေတာမို့
မင်ဝူးငြိမ်နေလိုက်သည်။ ပူခြင်းပူ
တစ်ဦးတည်းသာပူချင်ခဲ့ပြီး
အေးအတူပူအမျှဆိုသည့် စာဆိုတစ်ခုက
ဂျွန်ထံတွင်တော့"အေးအတူ ပူတစ်ဦးတည်း"သာ
ဖြစ်ချင်၊ခံယူချင်ခဲ့သည်။

အကယ်၍များWhere stories live. Discover now