အပိုင်း(၂၇)

1.4K 93 10
                                    

" တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခွင့်လွှတ်ပေးပါ ဂျီမင်...!!!"

အိပ်ရာကနိုးသည်နဲ့ နားထဲဝင်ရောက်လာသည့်တုန်တုန်ယင်ယင်စကားသံတွေကြောင့်
အိပ်ချင်မူးတူးဖြင့်ပဲအသံလာရာကို တစ်ချက်မျှ
ကဲကြည့်လိုက်တော့ ခြေရင်းတွင်
ဒူးထောက်ထိုင်လျက် လက်ဖဝါးပြင်နှစ်ခုကိုလည်း
ပွတ်တိုက်ရင်း မျက်လုံးစုံမှိတ်ကာ
တောင်းပန်တိုးလျှိုးနေသော
တစ်မိုးအောက်ဂျွန်ဂျောင်ဂုကြီးကြောင့်
အိပ်ရာထဲမှ ထထိုင်မိသည်။

" မင်း... ဘာဖြစ်နေတာလဲ..."

" ညက... ငါတကယ်မူးပြီး အရမ်း
အမူးလွန်သွားတာကြောင့် .... "

" ဘာများလဲလို့ကွာ.."

ဆံစတွေကို တစ်ချက်မျှခါချလိုက်ရင်း
အိပ်ရေးမဝဟန်ဖြင့်ငြူစူသွားသည့် မျက်နှာကြောင့်
ဂျွန်ကမဝံ့မရဲမျက်လုံးလေး လှန်ကြည့်လိုက်သည်။

စောင်ပါးပါးကို ခါးတွေထိခြုံလွှားထားတာမို့
မြင်နေရသည့်ဂျီမင်ရဲ့ အပေါ်ပိုင်းကတော့
ဗလာကျင်းလျက်ပင် ရှိသည်။
ဒါကိုတွေ့တော့ညကိုအမှတ်ရကာ ချက်ချင်းပင်
မျက်လွှာချလိုက်ရသည်။
ဒီအစီအစဥ်တွေကို ယောင်မှား၍တောင်
မတွေးကြည့်ဖူး၊ဂျီမင်နဲ့ လက်ရှိRelationship
အပေါ်ဒီလိုတွေဖြစ်ပွားဖို့လည်းမမျှော်လင့်ခဲ့။
ခြွေပစ်ဖို့အတွေးမရှိ၊ငေးဖို့ပဲစိတ်ကူးရှိသော်ငြား
လက်ရှိမှာလွန်ကုန်ပြီ၊
အားနာတာတွေ၊ရှက်ရွံတာတွေဖြင့်
မျက်နှာပူတာတွေသည် မျက်လုံးချင်းပင်
မဆုံနျိုငျတော့။

" စိတ်မဆိုးပါနဲ့ ဂျီမင် ..
ငါအနူးအညွတ်တောင်းပန်ပါတယ် "

" တောင်းပန်ရအောင် မင်းအမှားလုပ်ထားလို့လား
ဒါမှမဟုတ် ညကကိစ္စက ငါတို့မှားသွားကြတယ်လို့
မင်းတွေးထားလို့လား..."

ရုတ်ချည်း ငြိမ်သက်တည်ကျသွားသည့်
လေသံတွေကြောင့် တစ်ချက်မျှ
မျက်လုံးလေးလှန်ကြည့်လိုက်တော့ ၊ ဂျွန့်အား
တည်ငြိမ်စွာဖြင့်ပဲ စိုက်ကြည့်နေသည်။

" မှားခဲ့တာမဟုတ်ဘူး ငါသေချာကျူးလွန်ခဲ့တာ
ငါစိတ်လိုလက်ရ ကျူးလွန်မိခဲ့တာ..."

အကယ်၍များWhere stories live. Discover now