အပိုင်း (၉)

1.4K 129 14
                                    

" အန်ကယ်က ယူဂျောင်ဟွန်းရဲ့အဖေပါ "

" ဟို ကျွန်တော့်ကို ဘာလို့..."

" တစ်နေရာမှာ အေးဆေး
စကားသွားပြောရအောင်လား
အန်ကယ်ကပြောစရာလေးနည်းနည်းရှိနေလို့ပါ "

ဘာတွေမှန်းမသိတော့အောင်၊ဂျွန်လိုက်မမှီတော့ပါ၊
လက်ကနာရီလည်းကြည့်မိသည်။
တစ်ယောက်သောသူရဲ့အရိပ်အယောင်ကိုလည်း
ကြည့်လိုက်မိပါသေးသည်။

ထိုစဥ်မျက်စိရှေ့က ကားဒရိုင်ဘာလူကြီးဟာ
ကားတံခါးကိုဖွင့်ပေးရင်း ရပ်စောင့်နေခဲ့သည်၊
ဒါကြောင့်ပဲ ဂျီမင်ထံမက်ဆေ့ချ်လေးတစ်စောင်
ခပ်သွက်သွက်လေးပို့လိုက်ရသည်။

[ ကိစ္စလေးပေါ်လာလို့ အဆောင်ရောက်မှပဲ
တွေ့မယ်ဂျီမင် ]

မက်ဆေ့ချ်လေးလက်ခံရရှိသူကတော့
ကြိမ်းသေပေါက်စိတ်ဆိုးခြင်းအပေါ်
စိတ်ဆိုးခြင်းတွေဆင့်သွားပါလိမ့်မယ်၊သို့သော်
လက်ရှိအချိန်က ဂျွန်ဘယ်လိုမှမတတ်သာခြင်းတွေ။

" အခုလို ရုတ်တရက်ကြီးလာတွေ့လိုက်ရတော့
နည်းနည်းလေး လန့်သွားမယ်ထင်တယ်...."

" ဟုတ်ကဲ့ ရုတ်တရက်ကြီး ဆိုတော့..."

" ကဲ ဒီတော့ နှစ်ဦးနှစ်ဖက်အချိန်ဖြုန်းသလိုလည်း
မဖြစ်ချင်တော့လေ လိုရင်းတိုရှင်းပဲပြောရအောင်
အန်ကယ့်သား ယူဂျောင်ဟွန်းနဲ့ဘယ်အတိုင်းအတာထိ
ပတ်သတ်နေကြတာလဲ...."

ဒီနေရာတွင် လူတွေရှင်းသည်၊
တစ်ယောက်တစ်လေတောင်ရှိမနေသည်မို့
အနည်းငယ်တော့မ သက်ာစရာ၊
ထိုစဥ် မျက်စိရှေ့က ရေအေးခွက်လေးကောက်ယူ
မော့စဥ် မေးလာသော အမေးကရေပင်သီးသည်။
ဘာတွေလာမှားနေကြပြန်သလဲ။

" အဟွတ် အဟွတ်....!!! "

" ဒီမှာ တစ်ရှူး..."

ထိုလူကြီးကမ်းပေးလာသည့် တစ်ရှူးကို
လက်ခံလိုက်သည်။
ထိုလူကတော့ အေးအေးလူလူပါပဲ။

" ဒီဓာတ်ပုံတွေနဲ့သတင်းတွေထိ အန်ကယ့်နားထဲ
ရောက်လာတယ် ဂျောင်ဂုနားလည်အောင်
အန်ကယ်ပြောရရင် ဂျောင်ဟွန်းက
သာမာန်ကလေးမဟုတ်ဘူး  အန်ကယ်တို့
အများကြီးမျှော်လင့်ထားပြီး အများကြီး
တက်လမ်းရှိတဲ့ကလေးမို့ ရှုပ်ရှုပ်ရှပ်ရှပ်တွေမလုပ်ဘဲ
ဖြစ်နိုင်ရင်ခပ်ကင်းကင်း နေစေချင်ပါတယ် ..... "

အကယ်၍များWhere stories live. Discover now