အပိုင်း ( ၄၄ )

1.7K 134 58
                                    

တစ်လဆိုသည့်အချိန်ကာလက
တော်တော်လေးကိုကြာရှည်စွာ
ဖြတ်သန်းလိုက်ရသလို
တချို့အရာတွေကလည်း သိသိသာသာလေး
ပြောင်းလဲလာသည်။

လက်ရှိတတ်ရောက်နေသည့်ဆေးရုံထပ်
ပိုမိုကောင်းမွန်သည့်ဆေးရုံတစ်ခုကိုဖေဖေ့အား
ပြောင်းရွှေ့လိုက်သည်။
ယခင်တိုက်ခန်းနေရာမှလည်း အပြီးတိုင်
ရွှေ့ပြောင်းပြီး ဆေးရုံနှင့်နီးကပ်သည့်မြို့တစ်ခုမှာ
တိုက်ခန်းတစ်ခန်းအား ငှားရမ်းနေထိုင်ခဲ့သည်။

ဖေဖေကျန်းမာရေးက တိုးတတ်မှုရှိလာပြီး
ထိုတစ်လအတောအတွင်းမှာ ဖေဖေကစကားတွေပင်အတန်ငယ်ပြောနိုင်လာသည်။
ပြောင်းရွှေံလိုက်သည့်မြို့နှင့်အလုပ်နဲ့
အနည်းငယ်လှမ်းသွားတာမို့ အလုပ်သွား
အလုပ်ပြန်အနည်းငယ် ခက်ခဲသည်ကလည်း
ပင်ပန်းရကျိုးနပ်ခဲ့ပြန်သည်။

သို့သော်....။

" ဆောရီး ကျွန်တော်နည်းနည်းလေး
သောက်ထားလို့...."

လိုတာထပ်ပို၍ပြုံးရယ်ရင်းပြောနေသည့်
ပုံစံတစ်ခုက ရီဝေဝေအဆင့်ကိုနည်းနည်းလေး
ကျော်လွန်နေချေပြီဖြစ်သည်။
ဒီပုံစံက ဒီတစ်လတာအတွင်း
ဆန်းတောင်မဆန်းတော့သလိုနေ့စဥ်နဲ့အမျှ
မြင်တွေ့နေရခြင်းတစ်ခုလိုပင် ဖြစ်နေသည်။

ဆေးရုံရဲ့ထောင့်တစ်ခုကပ်ကာ
လက်ပိုက်ရပ်နေသည့်အနေအထားဖြင့်
အစ်ကိုဖြစ်သူဂျွန့်အားရပ်ကြည့်နေသည့်
ဂျွန်ဆယ်ရာမျက်လုံးထဲ စိတ်ပျက်တာတွေ
ပါဝင်နေသည်။
ဆေးရုံကုတင်ပေါ်တွင်ရှိနေသည့်
ဖေဖေ့လက်တွေကိုကိုင်ထားရင်း ဂျွန်က
ဘယ်သူနဲ့မှမျက်လုံးချင်းမဆုံပါဘဲ၊
ဝမ်းနည်းစရာကောင်းအောင်ပြုံးနေခဲ့သည်။

" အလုပ်ထဲမှာ အဆင်မပြေလို့လားဂျွန်..."

" အဆင်ပြေပါတယ် အကုန်လုံးအဆင်ပြေတယ်
ဖေဖေဒီလိုမျိုးပြန်ကောင်းလာတာကို ဝမ်းသာလို့
ကျွန်တော်ဒီရက်ပိုင်း နည်းနည်းပါးပါး
သောက်ဖြစ်နေရုံပါ..."

" ဖေဖေ့ကြောင့်ဆိုတာသေချာရဲ့လား..."

ဒီအမေးကိုဂျွန်ဆက်မဖြေနိုင်၊
ဘဝကိုပေပေတေတေပဲ ဖြစ်သလို
ဖြတ်သန်းချင်နေသည့် စိတ်တွေက
မိသားစုကို နောက်ပြန်လည်ကြည့်ရင်းသာ
ထိန်းသိမ်းနေရသည်။
ဖေဖေပြန်လည်ကောင်းမွန်လာခြင်းကလည်း
အဆိုးထဲကအကောင်းဟုပင်ပြောရပါမည်၊
မဟုတ်ရင်လည်း ဒီဘဝထဲ
ရစရာမရှိတော့တာ သေချာနေပြီ။

အကယ်၍များWhere stories live. Discover now