နိဒါန်း

8.1K 294 21
                                    

ဟာလာဟင်းလင်း ကွင်းပြင်ကျယ်ကြီးထဲ
လေတွေဟာအတားအဆီးမရှိ တဖြူးဖြူး
တိုက်ခတ်နေသည်။

ကျောင်းဆင်းချိန်မို့ ဘေးလွယ်အိတ်လေးဖြင့်
ပြေးရင်းလွှားရင်းအိမ်ပြန်လာသော
ကောင်ကလေးဟာ ၇နှစ်သားအရွယ်
ဂျွန်ဂျောင်ဂုလေးပင်ဖြစ်သည်။

ကျောင်းဆင်းချိန်မို့အလျှိုလျှိုသော
လူကြီးမိဘတွေနောက် ကလေးတွေဟာ
လိုက်ပါသွားလည်း ဂျွန်ဟာ
ကျောင်းစတတ်သည့်နေကတည်းက
တစ်ကိုယ်ထဲသွား တစ်ကိုယ်ထဲလာပဲ။

မိဘတွေကစားဝတ်နေရေးအတွက်
ရုန်းကန်နေရသည့်အခါ သားဖြစ်သူ
ဂျွန့်အပေါ်တွင်လည်းထိုကဲ့သို့မသ်ိမသာ
လစ်ဟစ်မှုလေးတွေလည်းရှိခဲ့ပါသည်။

သို့သော် တစ်ခါတရံတွေ ဘေးလူတွေကို
အားကျရုံမှတပါးအထူးတလည်တော့မရှိခဲ့။
နေသားကျနေသည့်ဘဝကလေးဟာ
ပူပူဆာဆာတွေနဲ့မက်မက်မောမောတွေမရှိခဲ့တာ
ငယ်စဥ်ကတည်းကပဲ။

ဘာလို့လဲဟုမေးသည့်အခါ ကိုယ့်ဘဝ
ကိုယ့်အနေအထားတွေကို ဦးနှောက်ထဲ
စွဲမြဲနေအောင် ကိုယ်တိုင် ကိုယ်ကျ
ရိုက်သွင်းထားလို့ပဲ။

ပုံမှန်အတိုင်း အိမ်ပြန်လမ်းလေးဟာ
ဒီကနေ့တွင်တော့ တမူထူးခြားနေသည်ဆိုတာကို
ဂျွန်က လွဲရင်မည်သူမျှတော့သိခဲ့ကြမည်မဟုတ်။

ဒီရွာရဲ့အဓိကအားထားရာရေကန်ကြီးရဲ့
ဘောင်တွေပေါ်မှာစိတ်ပျက်စွာထိုင်ရင်း
မြက်တွေကိုဆွဲနှုတ်နေသူဟာ
ပါးဖောင်းဖောင်းလေးတွေဖြင့်နှုတ်ခမ်းတွေကို
ဆူထော်နေသောကလေးငယ်တစ်ဦးပင်။

ပြေးလွှားနေသောခြေလှမ်းတွေရပ်တန့်သွားသည်။
ထိုကလေးငယ်အား အထူးအဆန်းလိုပဲ
ဂျွန်က အတော်ကြာအောင်ရပ်ကြည့်နေသည်။
ခေါက်ရိုးကျိူးနေသည့် အက်ျီလေးတွေကို
သပ်ရပ်စွာဝတ်ဆင်ထားပြီး စီးထားသည့်
ဖိနပ်ကလေးဟာ တီဗွီထဲမှာမြင်ဖူးနေသည့်
သူဠေးတွေစီးသလိုဖိနပ်ပုံစံမျိုး။

ထိုကလေးငယ်ကိုကြည့်ပြီးနောက်မှာ
ကိုယ့်ကိုယ်ကိုပြန်ကြည့်မိသည်။
အတော်လေးအရောင်အဆင်းမရှိတော့သော
အက်ျီတွေနဲ့ စုတ်ပြဲပေါက်နေပြီဖြစ်သည့်
ဖိနပ်ကလေးရယ်ပါ။
ဟော နေရင်းထိုင်ရင်းမျက်နှာလေးမဲ့သွားရပြန်သည်။

အကယ်၍များWhere stories live. Discover now