အပိုင်း (၂၂)

1.4K 123 9
                                    

ထိပ်တန်းနာမည်ကြီး ဆေးရုံတစ်ခုတွင်
သေကောင်ပေါင်းလဲ အခြေအနေတစ်ခုဖြင့်
ဆေးကုသမှုခံယူနေခဲ့တာ လပိုင်းမျှကြာခဲ့ပြီဖြစ်သည်။
ငွေအင်အားကြီးမားလွန်း၍သာ မသေရုံတမယ်
အသက်ဆက်ခဲ့ရသောနေ့ရက်တွေဟာ ဝေဒနါပေါင်းသောင်းခြောက်ထောင်ဖြင့်ဖြစ်သည်။

စိတ်တွေ မပျော်မွေ့ရာ အရပ်မှာ
ခန္ဓာကိုယ်သည်လည်းအကောင်းပကတိမရှိသည်မို့
သေမယ်ဆိုရင်တောင် ငြင်းဆန်ဖို့ရာ
မရှိတော့ပါ။

အဆိုးရွားဆုံးစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကတော့
ရူးလောက်အောင်ထိ သဘောကျမိခဲ့သည့်
ဂျွန်ဂျောင်ဂုကြောင့်ပါပဲ။

" အစားမစားဘဲ ပေကပ်ကပ်လုပ်နေရင်
သက်ဆိုးရှည်မှာမဟုတ်ဘူးနော်...."

နေ့စဥ်နေ့တိုင်းဆေးရုံသို့ရောက်လာ၍
နားဝင်ပီယံမရှိလှသည့်စကားတွေနဲ့ လာရောက်
နှိပ်စက်တတ်သည့် ဖခင်အားလျစ်လျူရှုရင်း
Nurseတစ်ဦးဖွင့်ပေးထားသည့်တီဗွီမှ
ဇာတ်လမ်းတွဲတစ်ခုအား ပေတေတေပဲ
ထိုင်ကြည့်နေခဲ့သည်။

" ဘယ်ချိန်ထိ ဒီလိုအရူးတစ်ကောင်လိုနေနေမှာလဲ
စကားမပြောဘဲ အအတစ်ကောင်လိုနေနေတာ
လနဲ့ချီနေပြီတော်သင့်ပြီ ယူဂျောင်ဟွန်း...."

ဒေါသတကြီးဖြင့် ဖခင်ဖြစ်သူကတီဗွီအား
နှိပ်ပိတ်လိုက်သည်။ယူဂျောင်ဟွန်း
မျက်လုံးအိမ်တွေသည်တစ်နေရာထဲမှာသာ
စုစည်းရင်း အသက်မရှိသလို
ငြိမ်သက်နေသည်။

" ရူးကြောင်ကြောင်ပုံစံလုပ်နေလည်း
အဲ့ကောင်ကမင်းဆီလာမှာမဟုတ်တော့ဘူး
ရော့ ဒီမှာကြည့်လိုက်...."

ပစ်ပေါက်ကမ်းပေးလာသည့် စာအိတ်တစ်ခုထဲမှ
ထွက်ကျလာသည့်ဓာတ်ပုံတွေထဲ ဂျွန့်ရဲ့
သူငယ်ချင်းဆိုသည့်ပတ်ခ်ဂျီမင်နဲ့အတော်လေး
ပျော်မြူးနေကြသည့်ပုံရိပ်တွေ။
လက်ချင်း ယှက်နွယ်ဆုပ်ကိုင်ထားကြရင်း
အနားနားကပ်မသိမသာ တိုးကပ်နမ်းနေပုံတွေဟာ
လက်ရှိကြုံတွေ့နေရသည့်ဝေဒနါတွေထပ်
အဆပေါင်းများစွာ နာစရာတွေ။

စကားလုံးတွေ ထွက်ကျမလာ။မျက်စိရှေ့က
ပြန့်ကျဲနေသည့်ပုံတွေအား စူးစိုက်ကြည့်ရင်းမှ
ပိုးပိုးပေါက်ပေါက်စီးကျလာသည့် မျက်ရည်တွေဟာ
မငိုချပါဘဲ ခံပြင်းစိတ်သီးသန့်ကြောင့်။

အကယ်၍များWhere stories live. Discover now