အပိုင်း(၂၈)

1.2K 106 9
                                    

နေ့လည်စာစားချိန်လည်း ပြန်မရောက်ဖြစ်၊
Dandelionsပန်းခင်းကြီးမှ လမ်းတစ်ဖက်က
ဂန္ဓမာပန်းခင်းကြီးထဲ ကူးချည်သန်းချည်လုပ်ရင်း
နေဝင်ရီရောအချိန်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

မြောက်မြားစွာသော ဖုန်းထဲမှဓာတ်ပုံတချို့က
ကြည့်မကုန် ရွေးမကုန်အောင် များပြားလွန်းသည်။
ဖုန်းဖြင့်ချိန်ရွယ်လိုက်သည်နဲ့ ကင်မရာကို
ကြည့်ကာ ပဲများတတ်လွန်းသူကြောင့် ဂျွန်မှာ
သဘောကျစွာ ပြုံးမိရယ်မိပါသည်။

" ချစ်စရာကောင်းလွန်းတယ်..."

" ဟင် ဘာပြောလိုက်တယ် မကြားလိုက်လို့ ... "

ဟန်ဆောင်ကာမူပို၍ နားရွက်လေးထောင်ရင်း
မကြားဟန်ဆောင်နေပုံကလည်း
ချစ်စရာဖြစ်သည်။
ဂန္ဓမာပန်းတွေလိုချင်ပါသည်ဟု ပူဆာသည်မို့လည်း
ပန်းခင်းပိုင်ရှင်ဆီမှ ဂန္ဓာမာပန်းလေးငါးဆယ်ပွင့်ခန့်မျှ
ခွင့်တောင်းဝယ်ယူခဲ့သည်။
လက်ထဲတွင် ဖြူဖြူဖွေးဖွေးဂန္ဓာမာပန်းတွေကို
ကိုင်လျက် စက်ဘီးလေးနောက်ပါးမှ
ဂျွန့်ခါးတွေကိုဖက်ထားရသည့်Feelingကတော့ တစ်မျိုးတစ်မည်ပဲ။

" ဂျွန်..."

" ပြောလေ..."

" ခုလိုအတူတူရှိနေတာတွေက နောင်တစ်ချိန်ကြရင်
အမှတ်တရတွေအဖြစ်နဲ့ကျန်နေခဲ့မှာနော်.... "

" ထူးထူးဆန်းဆန်းတွေပြောလို့ပါလား..."

တည်တည်ငြိမ်ငြိမ်နဲ့ခပ်ဆွေးဆွေးပြောနေသည့်
ဂျီမင်အား နောက်ပါးဆီသို့လည်ပြန်ကြည့်ရန်
ကြိုးစားသော်လည်း မညီမညာလမ်းတွေကြောင့်
စက်ဘီးလေးကို ဂျွန်က ဂရုတစိုက်နင်းနေရသည်။

" အကယ်၍များ .... ဝေးသွားခဲ့ရင်
အမှတ်တရအဖြစ်ကနေ အမှတ်တမဲ့အဖြစ်နဲ့ပဲ
ပြီးဆုံးသွားမယ်ထင်တယ် .... "

" ဂျီမင် ဘာတွေပြောနေတာလဲ...."

ပြုံးတုန့်တုန့်မျက်နှာပေးမှ
ရုတ်ချည်းပြောင်းလဲသွားသူကဂျွန်ပါ၊
အဆင်ပြေပြေ ရယ်ရယ်မောမောရှိနေရင်းမှ
လိုက်မမှီနိုင်သည့် စကားတွေကြောင့်
ဂျွန်ကြောင်အသွားရတာလည်း အမှန်။

အကယ်၍များWhere stories live. Discover now