အပိုင်း(၄၂)

1.3K 118 38
                                    

" Dating New "ဆိုသည့်
ခေါင်းစဥ်တစ်ခုနဲ့အတူ လက်ရှိနာမည်ကြီး
ရေပန်းစားနေသော ယူဂျောင်ဟွန်းရဲ့
သတင်းတွေကနေရာတိုင်းမှာ ပြန့်နှံ့လျက်ရှိသည်။

မှောင်ရိပ်တစ်ခုအောက်က ခုံတန်းထက်ဝယ်
တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ထားသည့်ပုံရိပ်က
တစ်ဦးကယူဂျောင်ဟွန်းဆိုတာ
သေချာသလောက်ရှိသလို ကျန်တစ်ဦးကိုတော့
မည်သူမည်ဝါမှန်းမသေချာပါဘဲ သို့လောသို့လောထင်ကြေးပေးကြလျက်ရှိသည်။

[ အနုပညာလောကထဲကပဲလား.... ]

[ ကောင်လေးလား ကောင်မလေးလားတောင်
သေချာမသဲကွဲဘူး... ]

[ တကယ်ကြီးဆိုရင် မခံစားနိုင်ဘူးနော်...]

[ သူပြောဖူးတဲ့ ကျောင်းတုန်းကအချစ်ဦးဆိုတဲ့
တစ်ယောက်များလား ..... ဒါဆိုရင်တော့
ဂျောင်ဟွန်းအတွက် ဝမ်းသာပေးရမှာပဲ....]

[ ဂျောင်ဟွန်းရှီ ဟုတ်ပါ့မလား....]

မြောက်များစွာသော မှတ်ချက်တွေဖြင့်
ထိုဓာတ်ပုံတချို့ပြန့်နှံ့လာခြင်းကအချိန်အားဖြင့်
တောင်ကိုရီးယားရဲ့စံတော်ချိန်
ညတစ်နာရီဝန်းကျင်မှာ။

ဂျောင်ဟွန်းမဖြစ်နိုင်ပါဘူးဆိုသည့်လက်မခံနိုင်
သည့်Teamရယ်၊ဂျောင်ဟွန်းထပ်ဂျောင်ဟွန်းနဲ့
ပွေ့ဖက်နေသည့်တဟ်ဖက်လူကို
အာရုံစိုက်ရှာဖွေနေကြသည့်Teamရယ်၊
အသည်းကွဲခံစားနေကြသော
ဂျောင်ဟွန်းFanရယ်ဖြင့် ထင်ကြေးအမျိုးမျိုးကြား
တချို့ထင်ကြေးတွေကလည်း ကျောင်းတုန်းက
ဂျောင်ဟွန်းရဲ့ အချစ်ဦးလားဆိုသည့်
မှတ်ချက်အနည်းငယ်ပင်ဖြစ်သည်။

မဂ်လာပွဲမှအာရုံတွေက ဒီသတင်းတွေဆီကို
ဦးတည်ခဲ့ပြီ။
မှန်ရှေ့တွင်ထိုင်ကာ ဖုန်းထဲမှ
ထိုမှုန်ဝါးဝါးဓာတ်ပုံတချို့ကိုကြည့်နေရင်း
စိတ်တွေဟာ မဂ်လာပွဲတွင်မရှိတော့ပါ။

" ငြိမ်နေလိုက်တာ...အများကြီး
စိတ်လှုပ်ရှားနေလို့လားဂျီမင်..."

ဆံပင်နဲ့မိတ်ကပ်ပြင်ဆင်ပေးနေသည့်
နောက်ပါးဆီကအမျိုးသမီးရဲ့စကားသံကို
ကြားလိုက်ရလည်းဘာမှပြန်လည်မဖြေကြားနိုင်။
ဒါကြောင့်ပင် တိတ်ဆိတ်ငြိမ်သက်လွန်းနေသည့်
ဂျီမင်ကိုထိုအမျိုးသမီးက အကဲခတ်ကြည့်လိုက်တော့
"Dating New"ဆိုသည့်ခေါင်းစဥ်တစ်ခုနဲ့
မှုန်ဝါးဝါးဓာတ်ပုံတွေကိုသာ အာရုံစိုက်နေခြင်းကို
တွေ့လိုက်ရသည်။

အကယ်၍များWhere stories live. Discover now