ဂျွန့်ဘက်က ကမ်းလှမ်းချက်အား
ယူဂျောင်ဟွန်းငြင်းဆိုခဲ့ခြင်းအပေါ်
ထူးထူးခြားခြားအတွေးတော့ မရှိခဲ့။
အဆိုးထဲကအကောင်းပဲဟုလည်းတွေးမိခဲ့သည်။
ထပ်မံ၍လည်း ပတ်သတ်စရာမလိုတော့ချေပြီမို့
ဒီကိစ္စရပ်ကိုလည်းဂျီမင်အပေါ် အသိပေးရန်
ဂျွန်မကြိုးစားတော့။ပြသာနာတွေကြား အဆင်ပြေရန်
ကြိုးစားနေရသည့်အထဲ မလိုအပ်ပါဘဲ
စိတ်မထင့်စေချင်။ခပ်အေးအေးဖြစ်ပျက်သွားသည့်ဆက်ဆံရေးက
လက်ရှိရောက်ရှိနေသော တောင်ကိုရီးယားရဲ့
ဆောင်းဥတုထပ်ပင်ပို၍အေးသည်။
တစ်ခန်းထဲအတူတူရှိ၊
မျက်နှာချင်းဆိုင် အတူတူထိုင်နေကြရင်းမှ
ခပ်နွေးနွေးစကားတွေကိုထဲထဲဝင်ဝင်မပြောဖြစ်တော့။
မပြောချင်တဲ့သူနဲ့မပြောနိုင်တဲ့သူတို့ရယ်က
မျက်လုံးချင်းပင်မဆုံဖြစ်တော့။" ငါ...တစ်ယောက်ထဲအိပ်ချင်လို့..."
" အာ..."
အိပ်ခန်းတံခါးလက်ကိုင်ကို တွန်းဖွင့်ဝင်လာသည့်
ဂျွန့်ခြေလှမ်းတွေက အလုံးစုံ ငြိမ်သက်
ရပ်တန့်သွားသည်။
ဝိုင်းစက်နေသည့်မျက်လုံးတွေက
ညှိုးငယ်လျက်သားဖြင့် အိပ်ရာတွင်
လဲလျောင်းနေသည့်အတ္တလေးအားစေ့စေ့စပ်စပ်လည်း
ကြည့်မိပြန်သည်။" ဒါဆို မီးမှိတ်ပြီးအိပ်တော့လေ...
စောင်လည်းသေချာခြုံထားဦးနော်..."" အင်း..."
အခန်းတံခါးအား စေ့ပိတ်လိုက်သည်။
အခန်းအပြင်မှဆိုဖာဆီတွင် တစ်ဦးထဲ
အတွေးတွေများရင်းလူးလိမ့်ရင်းသာ မိုးတွေ
လင်းသည်။
ပြောင်းလဲခြင်းမရှိသည့် အေးစက်ခြင်းတွေက
အချိန်တွေကိုလျင်မြန်စွာကျော်လွန်စေသည်။" အိပ်ပျော်ရဲ့လား ညက...."
မျက်နှာချင်းဆိုင်လျက် မနက်စာစားနေကြစဥ်
တိတ်ဆိတ်နေခြင်းကိုဂျွန့်က စတင်ဖြိုခွင်းသည်။" မိုးလင်းမှအိပ်ပျော်သွားတာ... အိပ်ရာက
နည်းနည်းစိမ်းသွားလို့ထင်တယ်..."ဘာမှမဖြစ်ဟန်ဖြင့်တစ်ဖက်က
ခပ်အေးအေးပဲ တုန့်ပြန်သော်ငြားဂျွန်က
လက်ထဲမှဇွန်းနှင့်ခက်ရင်းပင် ရပ်တန့်သွားသည်။
မနက်စာစားခြင်းကိုအာရုံလွှဲကာ
မနက်ခင်းတစ်ခုရဲ့အစိုပြေဆုံး မျက်နှာဖူးဖူးလေးကို
တစ်ချက်မျှသေချာကြည့်မိတော့ အေးအေးလူလူပဲ
မနက်စာစားနေပါသည်။