အပိုင်း (၃၀)

1.4K 103 10
                                    

အမြဲတစေအရိပ်တကြည့်ကြည့်ဖြင့်
ပြုပြင်မွန်းမံယုယနေသည့်ကြားက ဂျွန်မပါဝင်သည့်
ဘောင်တစ်ခုရဲ့ပြင်ပက ပြသာနာသေးသေးငယ်ငယ်၊
ကြီးကြီးမားမားစသည်တွေကိုလည်း ဂျွန်ကပဲ
ဖာထေးပေးရပြန်သည်။

အရွယ်ရောက်လာသည်နဲ့အမျှ
ပိုမိုကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံလာရသည့်
လူ့ပတ်ဝန်းကျင်ကြား အရင်လို ကျောင်းအဆောင်ရဲ့
အခန်းကျဥ်းလေးထဲမှာ တစ်ဦးကိုတစ်ဦးသာ
တွေ့ခဲ့မြင်ခဲ့ရသလိုမဟုတ်တော့၊

ကောင်းသောလူတွေ၊ဆိုးသောလူတွေ
အများကြီးနဲ့လည်း မခန့်မှန်းနိုင်အောင်
ထိတွေ့ဆက်ဆံနေရပြီး အပြင်လောကကြီးက
ကောင်းခြင်းဖြစ်ရပ်တွေထပ်
မကောင်းသောဖြစ်ရပ်တွေက ပိုမိုများပြားစွာ
တွေ့ကြုံနေရသည်။

ဒါတွေအတွက်၊ ဒါတွေအားလုံးအတွက်
ဒီကမ္ဘာကြီးထဲ တစ်ဦးတည်းသော
တိမ်စိုင်ငယ်ကသာလျှင် အနွေးဆုံးဒေသ၊
အလုံခြုံဆုံး အရပ်နှင့် မွေးရပ်မြေက
အိမ်ကလေးအဖြစ်နဲ့ အလားသဏ္ဍာန်တူခဲ့သည်။

မြို့ပြကြီးမှာ ရုန်းကန်လှုပ်ရှား၍
ပင်ပန်းရခြင်းတွေ၊အလုပ်က Stressတွေ၊
အိမ်လွမ်းရခြင်းဝေဒနါတွေ သို့လောသို့လောသော
နွမ်းနယ်စရာဒဏ်လေးတွေက သူ၏ပုခုံးထက်
ခေါင်းလေးမှီလိုက်သည်နဲ့
အလိုအလျောက်ပျောက်ကင်းသွားမှာတွေပဲ။

အခုလည်း အလုပ်ထဲကအဆင်မပြေမှု
ပြသာနာလေးတွေကို အနွေးဓာတ်လေးက
ငိုနေသည့်ကလေးတစ်ယောက်ကို
ချော့မြှူအာရုံလွှဲသကဲ့သို့ လက်ဆောင်လေးပေးရင်း
မျက်လုံးကျဥ်းကျဥ်းလေးတွေကို ပြုံးရယ်စေခဲ့ပါသည်။

" ဒါက အများကြီးစျေးကြီးတာကို..."

" သဘောကျရင်ရပြီလေ တန်ဖိုးက
အရေးမှမကြီးဘဲ မင်းလိုချင်ရင်
ဘာပဲဖြစ်ဖြစ်  ငါကပေးနိုင်တယ်ဆိုတာ
မသျိဘူးလား...."

ဗိုက်လေးပြည့်ဖောင်းနေအောင်
စားချင်သည့် မီနျူးအပြည့်ရရှိနိုင်သည့်
ဆိုင်လေးမှ ညစာကျွေးမွေးပြီးနောက်မှာ
ပျက်စီးသွားသည့် ဂျီမင်ဖုန်းအတွက်
နောက်ဆုံးပေါ် စျေးမြင့်မြင့် ဟန်းဖုန်းလေးအား
လက်ဆောင်ပေးလိုက်သည်မို့
ဘေးချင်းယှဥ်လမ်းလျှောက်နေရင်းမှ
လက်ချောင်းရှည်ရှည်တွေကိုလည်း ဆုပ်ကိုင်ထားရင်း
သူက အပျော်လွန်၍ခုန်ပေါက်နေသည်။

အကယ်၍များWhere stories live. Discover now