အပိုင်း( ၂၆)

1.4K 118 16
                                    

( ပျင်းလို့ un လိုက်၊upလိုက်နဲ့
စနေတာပါ ၊ စိတ်မရှိကြပါနဲ့ ချစ်ပါတယ်
အသက်မပြည့်မနူးမနပ်ကလေးသူငယ်များကတော့
ကျော်ခွဖတ်ကြပါရန်...)

ရထားနဲ့ခရီးရှည်ထွက်မည့်အစီအစဥ်က
ဖြစ်မြောက်သွားရပြီ။
ဂျီမင်တစ်ဦးတည်းထိုခရီးစဥ်ကို အားတတ်သရော
တွေးတောစီစဥ်ထားသည့်အခါ
ဂျွန်မငြင်းရက်နိုင်တော့၊

ကျောင်းပိတ်ရက်တွင် ဂျွန်နဲ့ဂျီမင်ကတော့
ခရီးအတွက်လိုအပ်သည်များကို ဝယ်ယူရင်း
အလုပ်များသည်မဟုတ်သော်ငြား ဘာလိုလဲ၊
ဘာဝယ်ရမလဲတွေးရင်း ကျောင်း ပိတ်ရက်နား
နီးကပ်လာသည်နဲ့ ပိုမိုအလျင်လိုနေကြသည်။

မင်ဝူးကတော့ အိမ်ကဖခင်ဖြစ်သူနဲ့
သိပ်မပြေလည်သော်ငြား ခဏတစ်ဖြုတ်ပဲဟုဆိုကာကျောင်းပိတ်ရက်ကိုသူ၏အိမ်သို့
ပြန်သွားချေသည်။

" ငါ့အက်ျီအသစ်တွေ ပါရောပါပါတယ်နော်...."

ရထားထွက်၍ လမ်းတစ်ဝက်လောက်ရောက်ကာမှ
သတိရသော ဂျီမင်ကြောင့် ဂျွန်ကခေါင်းလေးကို
ဖြေးညင်းစွာခါယမ်းလိုက်သည်။

" အကုန်ပါတယ် လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက
မင်းပစ္စည်းတွေကို မေ့မှာစိုးလို့ သေချာ
ထည့်ထားခဲ့တာ "

" တော်လိုက်တာ... ဆုချဦးမှ..."

ဘေးချင်းကပ်ထိုင်နေသည့် ရထားတွဲထဲ
ပိုမိုနီးကပ်စွာတိုးရွေ့ရင်း ပါးလေးကို
မော့နမ်းလိုက်သည်။ ဒါတွေကြောင့်ပဲ
ဒီအတတ်ကလေးကြောင့်ပဲ အရည်တွေ
ပျော်ကျရပေါင်းလည်းများသည်။

လတှေတျေိုးဝှေ့သှားခွငျးထကျ ပါးပြင်ထက်ကို
ထိတွေ့လာသည့်ဖူးဖူးအိအိနှုတ်ခမ်းတစ်စုံရဲ့
နူးညံ့မှုကပိုမိုထင်ရှားခဲ့သည်မို့ ဂျွန်ကပြုံးသည်။

" ဒီလေတွေက စိတ်ကိုလန်းသွားတာပဲ...."

" ခုနေရာကလေ မင်းနဲ့အရမ်းလိုက်ဖက်မှာ
သေချာတယ်..."

လက်မောင်းလေးကိုတင်းကျပ်နေအောင်ချိတ်ဆွဲရင်း
ဂျွန်ပုခုံးတွေကိုမှီကာ အပြင်ဘက်က
ဖြတ်ပြေးနေသယောင်ရှိသည့်အပင်တန်း
စိမ်းစိမ်းကြီးတွေကို ငေးမောနေမိသည်။

အကယ်၍များWhere stories live. Discover now