အပိုင်း(၁၀)

1.5K 145 22
                                    

လိုချင်ခဲ့တာကအရွဲ့တိုက်ပြီး မုန်းစရာကောင်းသည့်
စကားလုံးတွေမဟုတ်ဘူး၊
အကြိမ်ပေါင်း ထောင်ချီမေးမြန်းလည်း
သဘောမကျပါဘူးဟု ငြင်းဆန်ခြင်းကိုပဲ
သေသေချာချာလိုလားခဲ့တာ။
ဒါကိုလွဲမှားစွာဖြင့်ဒေါသတွေနဲ့အရွဲ့တိုက်သူက
သဘောကျကြောင်းကို မြိန်ရေယှက်ရေ
ဝန်ခံသွားသည်။
ဝမ်းနည်းနေလည်းမငိုချချင်ခဲ့တဲ့ အခိုက်အတန့်တွေပါပဲ။

ထင်ထင်ရှားရှားကို နားတွေထဲစွဲမြဲစွာဖြင့်
ကြားယောင်နေမိပြန်သည်။

" ငါ လွန်သွားတာ... ငါမှားသွားတာ..."

" ပြောတုန်းက ပြောပြီး အခုမှတော့ဘာတတ်နိုင်မှာလဲ..."

" ဒါမျိုးပထမဆုံးပဲ ငါသူနဲ့တစ်ခါမှတောင်
စကားများရန်ဖြစ်ဖူးတာမဟုတ်ဘူး...."

အအေးခွက်မှပိုက်တံလေးကိုလှုပ်စိလှုပ်စိလုပ်ရင်း
ခေါင်းငိုက်စိုက်နေသူဂျွန့်ကိုကြည့်ကာ
မင်ဝူးကသက်ပြင်းလေးချသည်။

စိတ်တွေမရှည်လွန်းလို့ စိတ်ရှိတိုင်းသာ
ဖြစ်ခွင့်ရမယ်ဆိုရင် မပွင့်မလင်းဖြစ်နေသူနှစ်ဦးအား
လက်ဆွဲကာ ပေးစားလိုက်ချင်ပြီဖြစ်သည်။

" မင်းကလည်းမင်းပဲ တစ်ညလုံးတကယ်ပဲ
စီနီယာဂျောင်ဟွန်းနဲ့ရှိနေတာလား..."

" ဟုတ်တယ်စာကြည့်တိုက်ထဲမှာပိတ်မိနေရုံပဲ
ငါစီနီယာအပေါ်ဘာစိတ်မှမရှိဘူး..."

" အေး အဲ့ဒါကိုဂျီမင်ကိုနားဝင်အောင်
သေချာပြောပြမှပေါ့... မင်းကမချော့ဘဲညကလို
အရွဲ့တိုက် စိတ်ထဲရှိရာလျှောက်ပြောမှတော့
အခြေအနေကပိုတင်းပြီပေါ့...."

" ငါ စိတ်တွေလွတ်သွားတာ မင်းပဲစဥ်းစားကြည့်
ဂင်ဟာယောင်းအိမ်ကလူကြီးတွေနဲ့ တွေ့ဖို့ထိက
လိုလို့လားကွာ...."

" အဲ့ဒါလည်းဟုတ်တာပဲ မင်းကိုကျ
သူငယ်ချင်းအသစ်တောင် မထားချိုငျးဘဲ
သူကျ ရည်းစားကြီးတကားကားနဲ့...."

ပိုက်တံလေးကိုနှူတ်ခမ်းလေးထိကပ်လိုက်ရင်း
ငြိမ်သက်သွားသည်။
ဘာကိုဘယ်လိုစရှင်းရမလဲ ဂျွန်မသိတော့ပါ၊
ညကပြောချင်ရာပြောပြီး မိုးလင်းသည့်အခါ
ဂျီမင်ကိုမျက်နှာချင်းမဆိုင်ရဲတော့၍
ကျောင်းကိုအစောကြီးရောက်နေခဲ့တာက ဂျွန်ပင်
ဖြစ်သည်။အခုလည်းအဆောင်ပြန်ခါနီးကို
မင်ဝူးနဲ့အတူ ကော်ဖီဘားတစ်ခုမှာ
ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့သည်။

အကယ်၍များWhere stories live. Discover now