အပိုင်း( ၃၄)

1.2K 79 9
                                    

ခန္ဓာကိုယ်လှုပ်ရှားခြင်းမပြုနိုင်သော်လည်း
ဖေဖေ သတိပြန်လည်လာပြီမို့
ဂျွန်တို့မိသားစုရင်ထဲမှ
အပူမီးတစ်ဝက်ငြိမ်းရသည်။
ဆယ်ရာကိုတော့ ပုံမှန်ကျောင်းတတ်စေကာ၊
ဖေဖေ့အနားကမခွာဘဲ အမြဲတစေ
ဆေးရုံတွင်သာ ရှိနေတတ်သည့်
မေမေ့ကျန်းမာရေးကိုလည်း ထိခိုက်မည်စိုး၍
မိခင်ဖြစ်သူကိုလည်း ဖြောင်းဖျနားစေရင်း
ဂျွန်ကတော့ ဆေးရုံကဖေဖေရဲ့ဝေယျာဝေစ္စတွေကို
နေ့နေ့ညညပြုလုပ်ရင်း အချိန်ကုန်သည်။

ဒီကြားထဲ သတိထားနေရင်းမှတစ်ချက်တစ်ချက်
ဂျီမင်ဘက်ကိုလစ်ဟင်းသွားခြင်းတွေ အတွက်လည်း
ဂျွန်ဘယ်လိုမှ သက်တောင့်သက်သာမရှိခဲ့။
ဒီဘက်မှာလည်း လက်လွှတ်ထားလို့ရသည့်
အခြေအနေမျိုးမဟုတ်သည့် အခါ
ဂျွန်သိပ်ကို ဘေးကြပ်နံကြပ်ဖြစ်နေသည်။
သိသိသာသာပိန်ကျသွားသည့် ခန္ဓာကိုယ်ဟာ
လူရောစိတ်ပါ ပင်ပန်းနေလို့။
မနက်စာ၊နေ့လည်စာ၊ညစာဆိုပြီး
အစားအသောက်ကို ကိုယ်တိုင်က
သတိတရမရှိနိုင်လည်း တစ်ယောက်သောသူကိုတော့မပျက်မကွက် မှာကြားခဲ့သည်။
တစ်ဖက်တည်းကသာ စာတွေ
ပြည့်နှက်သွားသည်။
ပြန်စာမလာသည့် ဂျီမင်တစ်ယောက်ကြောင့်လည်း
ဂျွန်မှာ ရင်မအေးနိုင်ခဲ့။

ကောင်းမွန်စွာအိပ်ပျော်နေသည့် ဖေဖေ့နံဘေး
ဖုန်းကိုလည်းထုတ်ကြည့်မိရင်း မီးမွှေးထားသည့်
မင်ဝူးအလာကိုလည်းစောင့်နေမိသည်။

လာမှလာပါလေတော့မလားဟုတွေးနေရင်းမှ
ငနဲက အစားအသောက်တွေ အပြည့်ဝယ်ယူရင်း
ရောက်ချလာသည်။

" ဟိုင်း...ဂျွန် "

မအီမသာမျက်နှာပေးနဲ့လက်လေးပြ
နှုတ်ဆက်သည်။သူ့အပြစ်လဲသူသိနေသည်မို့
မျက်နှာကဇီးရွက်လောက်သာရှိတော့သည်။

" မင်းနဲ့ငါ ပြန်လာမှရှင်းမယ်
ခုတော့ ဖေဖေကိုခဏကြည့်ထားပေးဦး
ငါ ဂျီမင်နဲ့ဖုန်းခဏပြောချင်လို့...."

" အေးအေး...ငါကြည့်ထားပေးမှာမို့
သွားသွား... "

" တစ်ခုခုဆို ငါ့ကိုချက်ချင်းလာခေါ်နော်..."

" အေးပါ..."

ရုပ်တည်နဲ့မှာကြားပြီးနောက်မှာ
ခပ်သွက်သွက်လေး ထွက်လာရင်း
အသည်းပုံ Emojiတွေတစ်သီတစ်တန်းကြီး
ပါဝင်သည့်ဂျီမင် ဖုန်းနံပါတ်အား ဖိနှိပ်
ခေါ်ဆိုလိုက်သည်။
သေသေချာချာဖုန်းမပြောဖြစ်သည်က
ရက်တချို့ရှိပြီ၊ မက်ဆေ့ချ်လောက်သာ
မပျက်မကွက်ပို့နေမိသော ဂျွန့်ကိုလည်း
ဘယ်လောက်ထိဒေါသပုန်ထကာ
ကောက်ကွေးလိမ်နေပြီလဲ ဆိုတာကိုလည်း
ဂျွန်သိနှင့်သည်။

အကယ်၍များWhere stories live. Discover now