ဇာတ်သိမ်းပိုင်း (Part 1☁)

2.4K 155 48
                                    

အဆိုးဝါးဆုံးဆိုတာ ဘာနဲ့မှနှိုင်းယှဥ်ပြ၍
မရအောင်ရင်တွေထဲ အလုံးလိုက်အရင်းလိုက်
စုပြုံပြည့်ကျပ်စွာ နာကျင်လာတာမျိုး။
ဆို့နစ်သွားခြင်းကအသက်ရှု၍မရအောင်ပင်
ဖြစ်သည်။

ဒီလူကို တစ်ယောက်ယောက်က
မကယ်တင်ကြတော့ဘူးလား။
ပိတ်ဖြူအားလှစ်ဟကြည့်ချင်ခဲ့လည်း
လူကတုန့်ဆိုင်းစွာ စိတ်တွေနဲ့အတူ
ခန္ဓာကိုယ်အနှံ့က အကြောတွေပါ
သေသွားသယောင်မို့ဂျီမင်တစ်ယောက်
မျက်ရည်ဝိုင်းသားနဲ့ ထိုင်နေရာမှမထနိုင်ခဲ့။

" ဂျွန်...."

" ဂျွန်...လို့..."

လည်ချောင်းဝတွင်သာ တစ်ဆို့
ပျောက်ကွယ်သွားသည့်အသံငယ်ဟာ
ဘာမှမလုပ်နိူင်တော့အောင် ဆို့နစ်သွားလို့။

" မဟုတ်ဘူးမလား..."

" ဒီလို မဟုတ်ဘူးမလား..."

မရတော့ဘူး၊ တုန့်ဆိုင်းသွားသည့်ခန္ဓာကိုယ်ကို
အားခဲလိုက်ရင်း အဲ့ဒီလဲလျောင်းနေသည့်လူအနား
ဒူးတွေထောက်လျက်သားရွေ့လျားသွားနေမိသည်။
မွန်းကြပ်လွန်းလို့အော်ဟစ်ငိုပစ်ချင်လည်း
ဒီဆို့နစ်မှုကြီးက အသားတွေပင်
တဆက်ဆက်တုန်ရင်း အသံတွေလည်း
တုန်ယင်နေသည်။

" ဒီလိုပုံစံနဲ့ ထပ်မတွေ့ဖို့ပြောသွားခဲ့တာလား..."

" ငါ့ကို ဒီပုံစံနဲ့မင်းအနိုင်ပိုင်းသွားလို့မရဘူးမလား..."

" ငါ့ကို ဒီလိုတွေအထိလျစ်လျူရှူသွားစရာ
မလိုဘူးမလား ဂျွန်ရဲ့...."

" ထပါဦး...ငါရောက်နေတယ်လေ...
ထပါဦး...ငါဒီအခြေအနေကြီးကိုအရမ်းကြောက်တာမို့
ထပြီး ငါ့ကိုဖက်ထားပေးပါဦး...."

" မင်းမရှိရင်ဘာမှမလုပ်နိုင်တဲ့...
ဒီကောင်ကို ဒီလိုမျိုးအပြီးတိုင်ထားခဲ့လို့
မဖြစ်ဘူးလေ အရူးကောင်ရဲ့...."

သွေးတွေစွန်းထင်းနေသည့် မြင်နေရသော
လက်တစ်ဖက်ကို တုန်ယင်နေသော
လက်လေးတွေဖြင့် ထိကိုင်ထားရင်း
လဲလျောင်းနေသောဂျွန့်နံဘေး ဒူးတွေ
ထောက်လျက်ထိုင်နေရင်း မျက်ရည်တွေဖြင့်
တိုးသဲ့သဲ့စကားတွေကို ဆိုနေသည်။

အကယ်၍များWhere stories live. Discover now