" မင်ဝူးလည်း ယောင်လည်လည်နဲ့ပါလာတယ်
မင်းဆီလာချင်ဇောနဲ့ မေမေ့ကိုတောင်
သေချာမတွေ့ရသေးဘဲ မင်ဝူးကိုအိမ်မှာခဏထားပြီး
အပြေးအလွှားလာရှင်းရတာ သိလား.... "" လုပ်လာပြန်ပြီ မင်ဝူးကိုဘာလို့ဒီအထိ...."
အနည်းငယ်မှောင်နေသည့်အိမ်ပြန်ချိန်တွင်တော့
ဂျွန်တို့အိမ်လေးဆီ နှစ်ဦးသား လမ်းလျှောက်
ပြန်ခဲ့ကြသည်။နှစ်ဦးစလုံးသည် မနေ့ညကတည်းက
အဝတ်အစားတွေဖြင့်ဒီကနေ့တစ်ရက်တာပင်
ကုန်လွန်တော့မည်ဖြစ်သည်။
သေသေချာချာ ချစ်ခွင့်ပန်ပါမည်ဆိုကာမှ
သေသေချာချာလွဲချော်သွားသည့်ဖြစ်ရပ်တွေဟာ
သိပ်တော့လည်းစိတ်ဆိုးချင်စရာ။" မသိဘူး စိုးရိမ်လွန်ပြီး ဘာတွေလုပ်မိမှန်းကို
မသိတော့တာ...."" မင်ဝူးကိုလည်း မင်းအရမ်းရောလာတယ်နော်..."
" အခန်းဖော်တွေလေ ပြီးတော့ မင်ဝူးက
ပေါင်းရသင်းရအဆင်ပြေတယ်မလား..."" ပြီးရင် ငါ့ထပ်ပိုပြီး ဦးစားပေးတော့မှာမလား..."
ပန်းချုံတွေနားမှ ပြန်လာခဲ့ကြချိန်တွင်
လမ်းတလျှောက်တတွတ်တွတ် ပြောဆိုနေသူက
သူ့စိတ်ထဲ မကြေအေးနိုင်သေးသည့်
စိတ်အစိုင်အခဲလေးတွေကိုပင် ဖြစ်သည်။အရပ်အမောင်းလေးအနည်းငယ် ကွာဟသူနှစ်ဦးက
ဘေးချင်းယှဥ်လျှောက်နေကြရင်း
ဂျွန်ကတော့ဂျီမင်ပြောသမျှ ခေါင်းငြိမ့်နားထောင်ရင်း
လက်ခံနေရသည်။" အမြဲတမ်း မင်းကပဲပထမဆုံးဖြစ်ခဲ့တာ ..... "
" အဲ့ဒါဆိုရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး
ယူဂျောင်ဟွန်းကိုလည်းမင်းသဘောကျခဲ့မှာ
မဟုတ်ဘူး ....."" သဘောမကျခဲ့ဖူးဘူး သဘောကျဖို့
ကြိုးစားကြည့်ပေမယ့် "" ကြိုးစားကြည့်ခဲ့တယ်ဆိုကတည်းက
ပြစ်မှူမြောက်နေပြီ..... "ဂျွန်ကခေါင်းလေးကုတ်ရင်း ငြိမ်သွားရသည်။
ဂျွန်ထပ်ပိုမိုစကားတွေတတ်၊စကားတွေသွက်တာမို့
ဂျွန်ကအမြဲလိုလိုငြိမ်၍ နားထောင်ရလေ့ရှိသည်။