အပိုင်း (၂၁)

1.6K 128 5
                                    

မနက်ပိုင်းစောစောထကာ ဆိုးလ်ကို
ပြန်ရန်အတွက် ရေမိုးချိုးပြင်ဆင်ရသည်။
အဝတ်တစ်ထည် ကိုယ်တစ်ခုရောက်လာကြသူတွေမို့
သိမ်းဆည်းစရာတွေတော့မရှိ၊ အသိတွေ
သူငယ်ချင်းတွေနဲ့အိမ်နီးနားချင်းဆွေမျိုးတွေက
ထည့်ပေးလိုက်သည့် သစ်သီးဝလံတွေနဲ့
လက်လုပ်မုန့်တွေပါ အလျှိုလျိုဖြစ်သည်။

" ကိုကိုရေ မမဟဲအင်းလည်း လာတယ်...."

အိမ်ရှေ့မှခပ်ဆာဆာလေးညီမဖြစ်သူရဲ့
အော်သံကြောင့်ဘာရယ်မဟုတ်၊ဟဲအင်းဆိုသည့်
ရွာထဲမှဂျွန်နဲ့ရွယ်တူသူငယ်ချင်းကောင်မလေးအား
ထွက်ကြိုမိသည်။
ဂျင်းစကပ်အရှည်အား
အဖြူရောင်လက်တို CropTopတစ်ထည်နဲ့
တွဲဖက်ဝတ်ဆင်ကာဆံစရှည်ရှည်တွေကို
ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည့် အမျိုးသမီးငယ်က
ရိုးရှင်းစွာဖြင့် ကြည့်ကောင်းသည်။

" လာလေ ဟဲအင်း အိမ်ထဲဝင်..."

" ပြန်တော့မယ်လို့ကြားလို့ရောက်လာတာ
မမှီတော့ဘူးထင်နေပေမယ့် တော်သေးတာပေါ့..."

ပြုံးရုံမျှပြုံးရင်း စကားပြောနေသည့်
ဟန်ပန်တွေနဲ့အမျိုးသမီးကသိမ်မွေ့သည့်အသွင်ကိုဆောင်သည်။အိမ်ထဲသို့ဝင်ရောက်သည်နဲ့
ဂျွန့်မိသားစုကစီးကြိုလည်း ဧည့်ခန်းထဲ
မိန့်မိန့်ကြီးထိုင်ကာ ရုပ်တည်ကြီးနဲ့ရှိနေသူက
ဂျီမင်ပင်ဖြစ်သည်။

" မဂ်လာပါ ဦးဦးနဲ့ဒေါ်ဒေါ်...."

" အေးအေး ဟဲအင်းလေးတောင်ဒီဘက်
မရောက်တာကြာပြီနော် မတွေ့ဖြစ်တာ
ကြာပြီမလို့..."

" ဟုတ်...ကျောင်းနဲ့အိမ်ပဲဆိုတော့...."

ကျေးလက်တောသူအသွင်ကို ဆောင်သည့်
အမျိုးသမီးကနေပုံထိုင်ပုံလည်းသိမ်မွေ့သည်။
ဂျီမင်ကတော့ဆယ်ရာကိုတစ်လှည့်၊ဟဲအင်းကို
တစ်လှည့်၊ဂျွန့်ကိုတစ်လှည့်ကြည့်သည်။

" မမဟဲအင်းက အိမ်တွင်းပုန်းလေ
ပြီးတော့ဆယ်ရာတို့အိမ်ကိုလည်း ကိုကိုရှိတဲ့
တစ်ချိန်ပဲလာတာလေ...."

" ဆယ်ရာ သူများကိုအားနာစရာကြီး
ဘာတွေပြော "

" ကိုကိုကလည်း..."

အကယ်၍များWhere stories live. Discover now