အပိုင်း (၂)

2.1K 154 12
                                    

" ကိုကို အဆင်ပြေပါတယ် ငယ်ငယ်..."

ချက်ပြုတ်စားသောက်ပြီးနားနေချိန်
ညဘက်လေးမှာ ဖုန်းပြောနေသူဂျွန်ဟာ
အဆောင်ရဲ့အောက်ထပ်ဆီကလျှောက်လမ်းတွင်ပင်
ဖြစ်သည်။

လူငယ်ကျောင်းသူ ကျောင်းသားတွေကြီးသာ
ရှိသည်မို့ ညအချိန်လည်းဖြစ်သည့်အခါ
သောက်စားနေကြသောတချို့တွေဖြင့်
အဆောင်အတွင်းအနည်းငယ်တော့ ဆူညံနေသည်။

အဆောင်ကြီးကြပ်သည့်
စီနီယာတစ်ဦးရှိသော်လည်း
ဂျူနီယာအသစ်လေးတွေအား ဒီနေ့တစ်ရက်တွင်တော့
အပြည့်အဝလွတ်လပ်ခွင့်ပေးထားခဲ့သည်။

" ကျန်းမာရေးကို ဂရုစိုက်ပါ မတည့်တာတွေ
မစားနဲ့ဗိုက်အောင့်တတ်တာလေးကိုလည်း
ဂရုစိုက် တစ်ခုခုဆိုဆေးသောက်ဖို့မမေ့နဲ့
ဆေးခန်းသွားဖို့လည်းမကြောက်နဲ့
ကိုကိုပြောတာကြားလား.... "

" ကိုကို အိမ်မှာကတည်းကဒါတွေကြီး
ထပ်တလဲလဲပြောနေတာ ငယ်အလွတ်တောင်
ရနေပြီ...."

ဂျွန်ရဲ့ဂရုစိုက်တတ်တဲ့ဟန်ပန်တွေကမွေးရာပါတွေ၊
အနီးအနားကတန်ဖိုးထားရတဲ့လူတွေ၊
တွယ်တာရတဲ့လူတွေကိုဂရုစိုက်ပေးဖို့
သူဘယ်တော့မှမမေ့တတ်ခဲ့ဘူး။
ခုနစ်နှစ်နီးပါးငယ်သည့် တစ်ဦးတည်းသော
ညီမဖြစ်သူ ဂျွန်ဆယ်ရာကိုလည်း ဂျွန်က
အစ်ကိုတစ်ယောက်ရဲ့မေတ္တာတွေ၊ချစ်ခြင်းတွေ
အပြည့်အဝပေးသည်။

ထို့နည်းတူပါပဲ၊
ဆယ်ရာသည်လည်း အစ်ကိုဖြစ်သူအားသိပ်ကို
တွယ်တာခဲ့ပါသည်။

" ပြီးတော့ ဖေဖေနဲ့မေမေ့ကိုလည်းဂရုစိုက်ပါ
ကိုကိုကအဝေးမှာဆိုတော့ ငယ်ငယ်ကပဲ
ကိုကို့အစား ပိုပြီးဂရုစိုက်ပေးပါ...."

" ကိုကိုလည်း အစစအရာရာဂရုစိုက်ပါ
ပတ်ခ်ဂျီမင်းတစ်မျက်နှာပဲကြည့်မနေဘဲ..."

စခြင်းမဟုတ်၊နောက်ခြင်းမဟုတ်။
ဂျွန်ဆယ်ရာနဲ့ပတ်ခ်ဂျီမင်ကြား ရာဇဝင်တွေက
ရှိသည်။
ဆယ်ရာအသိတွေထဲစွဲနေတာတွေက အစ်ကိုဖြစ်သူ
ဂျွန့်အပေါ် ဂျီမင်ရဲ့နိုင်စားမှုအဖြာဖြာတွေပဲ။

ဒီနေရာမှာ နိုင်စားခြင်း၊အနိုင်ကျင့်ခြင်းဟု
အမည်တပ်ကာ ဂျီမင်ကိုလက်ညိုးထိုးဖူးတာက
ဂျွန်ဆယ်ရာတစ်ဦးသာလျှင်ရှိသည်။
ဂျွန်ကသဲကဲလေလေ ၊ ဆယ်ရာတို့
မျက်မုန်းကျိုးလေလေပါပဲ။

အကယ်၍များWhere stories live. Discover now