အပိုင်း(၁၁)

1.5K 128 19
                                    

" စိတ်တွေ ပိန်လိုက်တာ.... "

နေ့ရက်တိုင်းအချိန်တိုင်းတွေ့ချင်မြင်ချင်၍
လိုက်လံဆက်သွယ်နေလည်းရှောင်ဖယ်နေသူ
ဂျီမင်က ဟာယောင်းအပေါ်ခါးခါးသီးသီးပါ၊
ပြသာနာရဲ့အရင်းအမြစ်ကိုလည်း
တွေးတောမရသည်မို့ ဟာယောင်းတို့
လက်မှိုင်ကျနေတော့သည်။

" ဘာမှဘူမနေနဲ့ ပလေးသွားတာအသိသာကြီးပဲလေ.."

" နင့်ပါးစပ်ပိတ်ထားစမ်းပါ..."

နှစ်သိမ့်ရာမရောက်သည့်သူငယ်ချင်းဖြစ်သူရဲ့
စကားကြောင့်မျက်နှာတွေပျက်ရွင်းကာပင်
သူမကိုမာန်မဲလိုက်သည်။

" ဟုတ်တယ် ဟာယောင်းနင့်လူကို ကြည့်ရတာ
Redflag ကြီးထင်တယ် နင်ကအရမ်းတွေ
ကြွေနေလို့သာ ငါတို့ကဘာမှမပြောတာ...."

" RedFlagမကလို့ ဘာFlagပဲဖြစ်ဖြစ်
ငါသူ့ကိုရွေးချယ်ထားတာမို့ငါ့မိဘတွေနဲ့တောင်
ပေးတွေ့ခဲ့တာလေ ဒါမျိုးလာလုပ်လို့မရဘူး
ငါလိုချင်ရင်ငါရအောင်ယူမှာ...."

သူငယ်ချင်းကောင်မလေးတွေက ပုခုံးလေးတွေ
တွန့်သည်၊ဟာယောင်းကတော့
ဘူနေရသည့်အထဲ ကြားနေရသည့်စကားတွေက
ပို၍ပင် အချိုးမပြေ။

ဘာပဲဖြစ်ဖြစ်လက်ရှိကိစ္စရပ်ကို အမြန်ဆုံး
ဖြေရှင်းရန်သာ ဟာယောင်းအတွေးရှိခဲ့ပါသည်။

အချိန်သည် ညနေ၅နာရီဝန်းကျင်။

" ဟေ့...ဂျွန်..."

ကျောင်းဆင်းချိန်ကိုခပ်သွက်သွက်လေး
လမ်းလျှောက်နေမိတုန်းနောက်ပါးဆီကခေါ်သံက
လှည့်မကြည့်လည်းသိနှင့်နေသည်။

" စီနီယာ..."

" ငါ မင်းကိုစောင့်နေတာ ...."

" ဘာလို့လဲစီနီယာ ပြောစရာရှိလို့လား..."

" အင်း အများကြီးပဲ...."

" အာ ပြောလေ...."

" သွားရင်းနဲ့ ပြောကြတာပေါ့..."

ခပ်မှန်မှန်ခြေလှမ်းလေးတွေဖြင့် နှစ်ဦးသားသည်
အိမ်ပြန်လမ်းလေးကိုစကားတပြောပြောဖြင့်သာ
ဖြစ်သည်။

" ဒီတစ်ပတ် စနေနေ့အားလား..."

" အား....တော့အားပါတယ်..."

အကယ်၍များWhere stories live. Discover now