" ဟေး ဂျွန်....!! "
မေဂျာမတူသည်မို့ စာသင်ချိန်တွေ
ပြီးဆုံးသွားသည့် နောက်မှာ
ညနေပိုင်း မှသာ ပြန်ဆုံကြသည်။
လက်လေးဝှေ့ယမ်းပြရင်းအဝေးတစ်နေရာမှ
ပြုံးရယ်လျက်ရှိနေပုံဟာစိတ်တွေကြည်နေဟန်
တူသည်။" ဗိုက်ဆာနေပြီလား...."
" အင်း... "
" ဘာစားကြမလဲ..."
" အဲ့ဒါမှဒုက္ခပဲ အပြင်စာတွေစားလို့
အဆင်ပြေပါ့မလား..... "" အင်း ပြေပါတယ်...ဘာလို့...."
" အပြင်စာတွေနဲ့မတည့်လို့ ဗိုက်အောင့်ပြီး
ဆေးရုံရောက်ဖူးတာကို မေ့နေတာလား...."ဂျွန့်စကားကြောင့် ဂျီမင်ကရုတ်တရက်ကြီး
ထရယ်သည်။
ဘာလို့လဲဆိုတာကိုနားမလည်သူကလည်း
ကြောင်အမ်းအမ်းလေးသာ ကြည့်နေခဲ့သည်။" အဲ့ဒါ ငယ်ငယ်ကပါ အခုကလူကြီးဖြစ်နေပြီလေ "
" အာ အဲ့လိုလား...."
ဂျွန်က ခေါင်းလေးကုတ်သည်။
ရှက်သွားဟန်လည်းပေါ်ပါသည်။
ဒါကြောင့်ပဲ မမှီမကမ်းဂျွန့်ပုခုံးကြီးအားဂျီမင်က
လှမ်းခုန်ဖက်လိုက်သည်။" ဒါပေမယ့်လည်း မနက်စာကိုတော့
မင်းလက်ရာကိုပဲ ငါကသုံးဆောင်မှီဝဲမှာပါ..."အနက်ရောင်ခပ်ငိုက်ငိုက်ဦးထုပ်အောက်က
အပြုံးတွေကိုတော့ဘယ်သူမှ ဖမ်းမမိခဲ့ကြပါ။
တက္ကသိုလ်ကျောင်းဝန်းကြီးရဲ့လျှောက်လမ်းကို
နှစ်ဦးသားလျှောက်လှမ်းလာသည်။
ကျောင်းသူကျောင်းသားတွေယောက်ယပ်ခတ်နေကြပြီး
ဂျွန်နဲ့ဂျီမင်သည်တော့ ဖြေးဖြေးနဲ့မှန်မှန်သာ
စကားတွေပြောရင်းဖြစ်သည်။" Bus နဲ့ပဲပြန်မယ်မလား..."
" အင်း...."
လိုတာထပ်ပိုပြီး ကြည်လင်နေသည့်
ဂျီမင်မျက်နှာအရောင်အသွေးကိုဂျွန်ကခန့်မှန်းမိသည်အထွေအထူးတော့မမေးဖြစ်ပါ၊သူပြုံးရင်
ကိုယ်လဲဘာရယ်မဟုတ် လိုက်ပါပြုံးမိခဲ့သည်။" ဟာယောင်းနဲ့ငါ တွဲကြည့်မလို့..."
ရုတ်တရက်ဆန်သောစကားမှာဂျွန်ခြေလှမ်းတွေ
အနည်းငယ်တုန့်ဆိုင်းသွားသည်။
ထပ်မံ၍နံဘေးကမျက်နှာအား ခိုးကြည့်
လိုက်ပါသေးသည်။ သိပ်သဘောကျနေပုံပဲ၊
ပြုံးရိပ်ယောင်တွေဟာဖုံးဖိမရသည်အထိ။