အပိုင်း (၃၁)

1K 100 9
                                    

အေးသည်ဆိုတာထပ်ပိုသော
ခပ်စိမ့်စိမ့်ကာလတစ်ခုထဲ ချစ်သောရဲ့
ဆုံးဖြတ်ချက်ကလေးအောက် ဂျွန်တစ်ယောက်
နေ့ရောညပါအငူငူအငိုင်ငိုင်။

အလုပ်တွေနဲ့အခြားသောလူမှုရေးတွေအပြင်
မိသားစုကိုလည်းဒီရက်ထဲသတိမရနိုင်။
အကြိမ်ကြိမ်အဖန်ဖန်တွေးတောနေမိခြင်းက
မျက်စိရှေ့က အတ္တငယ်လေးကြောင့်။

" ဆုံးဖြတ်ချက်ကို တကယ်ပဲမပြင်တော့ဘူးလား..."

ဂျီမင်ကတော့ ဒီရက်ထဲအေးအေးလူလူပဲ
ရှိနေခဲ့လည်း မအေးချမ်းနိုင်သူက
အပူသည်ကြီးလို ပြုံးပင်မပြုံးနိုင်တော့။
ယခုလို ဘောင်းဘီတိုတစ်ထည်ဖြင့်ကြမ်းပြင်တွင်
ထိုင်ကာ ဂျီမင်ကိုသာမျက်တောင်မခတ်တမ်း
ကြည့်ရင်း အတည်ပေါက်တွေမေးနေမိတာလည်းအကြိမ်ကြိမ်။

" ပစ္စည်းတွေတောင် သိမ်းနေပြီလေ
ငါ တကယ်သွားမှာပါဆို..."

" ဒါကြီးက ရက်စက်လွန်းရာကျမနေဘူးလား
ဂျီမင်ရယ် "

" ဘာကို ရက်စက်ရမှာလဲ..."

" မင်းကိုတစ်ယောက်ထဲ အဝေးမှာထားပြီး
ငါ ဘယ်လိုစိတ်နဲ့ ဒီမှာ ငါဘယ်လိုနေရမှာလဲ..."

ငိုတော့မလားမှတ်ရသည့်မျက်နှာဖြင့်ဂျွန်က
ကြမ်းပြင်တွင် အဝတ်တွေခေါက်သိမ်းနေသူ
ဂျီမင်အား ဖြောင်းဖျပြောဆိုတားဆီးနေသည်။
သို့သော် ပြန်ပြင်ဆင်ဖို့ရာ ရာခိုင်နှုန်းက
သိပ်နည်းနေတာကို ဂျွန်သိလည်းမကြံတတ်စွာဖြင့်
စိတ်ပြောင်းလိုပြောင်းငြား တောင်းပန်းတိုးလျှိုး
ဖြောင်းဖျနေမိသည်။

" ဂျွန်ရယ် လပိုင်းလေးပါ..."

" ရက်ပိုင်းတောင် မရဘူးလို့ပြောနေတယ်မလား..."

" စိတ်တွေရှုပ်နေလို့ပါ... ခေါင်းထဲက
အမှိုက်တွေဆေးပစ်ချင်လို့လေ ဒါကိုမင်းက
နားလည်ပေးမှပေါ့..."

" အဲ့ဒီအမှိုက်တွေအတွက် ငါကမင်းနဲ့
ဝေးနေရမယ်တဲ့လား ငါ့ကို...ငဲ့ပါဦးလား "

" မင်းကပါ စိတ်ရှုပ်အောင်လုပ်နေတာလား..."

စိတ်မရှည်တတ်သူရဲ့ တဖက်ကစကားသံက
ဂျွန်အားရပ်တန့်စေသည်။
ဘာဆက်ပြောရမည်မှန်းမသိတော့အောင်
မျက်နှာငယ်ဖြင့် ငြိမ်သက်သွားသူကဂျွန်ပင်။

အကယ်၍များWhere stories live. Discover now