အပိုင်း (၂၄)

1.4K 130 20
                                    

ရင်ထဲရှိသလောက်ဖွင့်ဟခဲ့ခြင်းတွေက
နောင်တရစရာမရှိကြောင်း ပိုမိုထင်ရှားလာသည့်
နေ့တွေမှာ ယခင်က ရင်းနှီးသည်ထပ်
ပိုမိုရင်းနှီးလာသည်။

အမြဲတမ်း ငေးကြည့်နေခဲ့ရသည့်
ရွှေအိုရောင်ဆံစတွေအား ထိတွေ့လိုက်ရင်း
တိုးဝှေ့နမ်းရှိုက်ခွင့်ရခဲ့သည့် ဒီအခိုက်အတန့်တွေက
ဘယ်လိုအရာနဲ့မှ မလဲနိုင်တော့သည်အထိ
အဖိုးတန်သည်။

ငေးကြည့်နေရရုံနဲ့ ရောင့်ရဲတင်းတိမ်နေသူအား
လောဘတွေကို လမ်းခင်းပေးလိုက်တာက
ရွှေအိုရောင်ဆံစတွေပင်ဖြစ်ပြီး အတ္တလှလှကို
စိုက်ပျိူးခဲ့သူကတော့ တိမ်စိုင်တွေပင်ဖြစ်သည်။
ပေးတဲ့လူနဲ့လက်ခံတဲ့လူတို့ မျှတနေသည့်
ဒီအခိုက်အတန့်တွေအထိအရာရာဟာ
ရိုးရှင်းခဲ့သည်။

" ဂျီမင်ရှီ ငါးမိနစ်ငါးမိနစ်ဆိုပြီး
နာရီဝက်ဖြစ်ပါတော့မယ်....ထပါတော့..."

အိပ်နေသူအား မနက်တိုင်းနှိုးနေရသည့်
ဂျွန်က ပတ်ခ်ဂျီမင်ပိုင်သည့်သီးသန့် Alarmလေးပဲ။
ခြေဖဝါးတွေကို ယား၍လှုပ်စိလှုပ်စိဖြစ်အောင်
ထိတွေ့ရင်း သူနှိုးပုံနှိုးနည်းကသိပ်ချစ်စရာ။

ခြေထောက်တွေကိုစောင်ထဲထည့်ဝှက်ကာ
မသိချင်ယောင်ဆောင်ရင်းထပ်မံ အိပ်စက်ရန်
ဟန်ပြင်ခဲ့သည်။

" ကျောင်းမသွားတော့ဘူးလား ထတော့လေ..."

" တကယ်ငါးမိနစ်ပဲ..."

" ငါးမိနစ်တွေက အတော်များနေပြီလေ..."

" ဒီတစ်ခါအတည်..."

ထပ်မံ၍ အိပ်ရန်ဟန်ပြင်တော့
အပြင်ဘက်က ဂျွန်ကငြိမ်သက်သွားပြီမို့
အခြေအနေလည်း စောင့်ကြည့်နေမိသည်။
အမှန်က ငါးမိနစ်အိပ်ချင်နေတာထပ်ကို အျိပျရာမှ
လာနှိုးနေသည့် ဂျွန့်အားကလီကမာလုပ်ချင်နေတာ။

" ဟယ်လို...."

" မမရီဆွန်းလား ကျွန်တော်အဆောင်...မှာ.."

မမရီဆွန်းကဘယ်သူလဲ၊ ဂျွန်ကဘယ်က
မိန်းကလေးနဲ့ဖုန်းပြောနေတာလဲဆိုသည့် အသိမှာ
စောင်ပုံထဲကချက်ချင်း ကောက်ထလိုက်တာသည်
စာကြည့်စားပွဲနားက ဂျွန့်ထံကိုလွှားခနဲ့
ရောက်သွားချေသည်။
ဂျွန့်လက်ထဲကဖုန်းကိုလွှဲယူကာ ဂျီမင်ကသူ၏
နားနားကပ်လိုက်သည်။ဘယ်သူလဲ။ဘယ်ဝါလဲ။
ရိသဲ့သဲ့ဘာညာဆို ပတ်ခ်ဂျီမင်နဲ့တွေ့ကြပြီပဲ။

အကယ်၍များWhere stories live. Discover now