အပိုင်း (၇)

1.5K 134 18
                                    

" ဂျီမင် ထ ထ ထတော့..."

ရေချိုးပြီးထွက်လာခါစ မပြောင်ရှင်းသေးသည့်
ရေစတွေနဲ့ လှမ်းပက်ရင်းစနောက်နေသူက
ရယ်ကျဲကျဲဖြင့်နှိုးသည်။

" စိတ်တိုအောင်လာမလုပ်နဲ့နော် အိပ်နေတာကို.."

" ဆယ်နာရီကျော်နေပြီ ထတော့
အပြင်မှာတစ်ခုခုသွားစားရအောင်...."

ထပ်မံ၍ရောက်လာသောအေးစက်စက်နဲ့
ရေစတွေသည်ရေချိုးပြီးသဘက်တန်းလန်းနဲ့
တစ်မိုးအောက် ဂျွန်ဂျောင်ဂုပင်ဖြစ်သည်။
ရေစတွေမျက်နှာအနှံ့အေးစက်စက်နဲ့
ကျရောက်လာတော့ အိပ်နေခြင်းကမဖြောင့်၊
စနေသူကြောင့် အိပ်ရေးလည်းမဝပြီမို့
အော်ဟစ်ပစ်လိုက်ချင်သည်။

" မစနဲ့ကွာ ပိတ့်ရက်လေးတော့ အိပ်ပါရစေဟ "

" စားသောက်ပြီးမှပြန်အိပ် ခုတော့ထပါဦး...."

စနောက်ရ၍ သဘောကျတော့ကြိတ်ရယ်နေသူ
ဂျွန်ဟာရေစိုလက်စဆံပင်တွေကိုသုတ်ရင်းသာ
ဖြစ်သည်။
အခန်းဖော်မင်ဝူးသည်လည်းရေချိုးခန်းတွင်
ရှိနေပြီမို့အိပ်ရာဆီတွင် နောက်ဆုံးကျန်ရစ်သူ
အိပ်ပုတ်ဟာ ဂျီမင်ပင်ဖြစ်သည်။

" ဗိုက်မဆာဘူးလား ညကလည်းဘာမှမစားဘူး
ထတော့ တစ်ခုခုသွားစားမယ် ပြီးမှပြန်အိပ်..."

" မစားဘူးကွာ တိတ်တိတ်နေစမ်းပါ..."

နားတွေကိုခေါင်းအုံးတွေဖြင့်ဖိပိတ်ထားရင်း
စောင်ကိုခေါင်းကနေခြုံကာထပ်မံ အိပ်ပျော်ရန်
ကြိုးစားသည်။
ဂျွန်ကတော့ အဝတ်အစားတွေဝတ်နေရင်းမှ
အိတ်ပုတ်ကိုကြည့်ကာရယ်မိပြန်သည်။

" အိပ်နေတာကို သွားမစပါနဲ့လား...ဂျွန်ရာ.."

မင်ဝူးကထိုနှစ်ဦးကိုကြည့်ကာရယ်လျက်သားပင်
ဟန့်တားသည်။
ရေချိုးပြင်ဆင်ပြီးသူနှစ်ဦးကအိပ်ကောင်းနေသူအား
စောင့်ဆိုင်းခဲ့လည်းအချိန်ကနေ့လည်ကို
ရောက်လုနီးပါးပင်ရှိနေပြီမို့ လက်လျှော့ကာ
မင်ဝူးနဲ့ဂျွန်နှစ်ဦးတည်းသာ အနီးအနားက
သွားကျဖြစ်သည့် Coffee Barတစ်ခုကို
ရောက်လာသည်။

" Latte နှစ်ခွက်ပေးပါ..."

သွားတန်းညီညီတွေကြား ညာဘက်ခြမ်းရှိ
သွားစွယ်လေးတစ်ချောင်းဟာ ရယ်လိုက်တိုင်း
ထင်လင်းစွာပေါ်ထွက်လာသည်။
မျက်မှန်လေးကိုပင့်တင်ပြီးတည်ငြိမ်သော
ဟန်ပန်တွေနဲ့လည်းမင်ဝူးကလိုက်ဖက်သကဲ့သို့
သွားအစွယ်လေးတစ်ချောင်းပေါ်သည်အထိ
ရယ်မောလိုက်လည်း ကြည့်ကောင်းပြန်ပါသည်။

အကယ်၍များWhere stories live. Discover now