အပိုင်း (၁၇)

1.5K 119 41
                                    

အခန်းထဲပြင်ဆင်ထားသည့် ဘောလုံးတွေနဲ့
မီးအလှဆင်ထားခြင်းတွေကိုလည်း
မင်ဝူးတစ်ယောက် စိတ်ပျက်လက်ပျက်ပဲ
သိမ်းနေမိတော့သည်။
ထိုစဥ် ထပ်မံ၍စိတ်ပျက်စရာကောင်းအောင်
မှာယူထားသည့်မွေးနေ့ကိတ်က ယခုချိန်မှသာ
ရောက်ရှိလာသည်။

" ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေခင်ဗျ..."

" ရန်ပွဲတွေမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပေးပါ..."

ကိတ်လာပို့သည့် ကောင်လေးကိုထိုသို့
တုန့်ပြန်တော့ ထိုကောင်လေးက
ကြောင်တောင်တောင်လေးပဲကြည့်သည်။
မကြာလိုက်ပါ၊ဇာတ်လိုက်မင်းသားချော၊
ပြသာနာကိုမီးခွက်ထွန်းရှာဖွေထားသူသည်
ပန်းစည်းတစ်စည်းကိုလည်းပွေ့ရင်း
ရောက်ချလာပြီဖြစ်သည်။

" ဂျီမင်ရော ဂျီမင်ကိုခေါ်လိုက်တော့
ငါ့လက်ဆောင်လေးကိုသူသေချာပေါက်
ကြိုက်သွားမှာ မင်ဝူး...."

" မင်း ဒီလိုအချိန်မျိုးမှာမှ စီနီယာဂျောင်ဟွန်း
ကားထဲမှာ ဘာသွားလုပ်နေတာလဲ.... "

" ဟင်.... "

အနည်းငယ်ကြောင်သွားသည်။
ရုတ်တရက်ကြီးမို့လည်း
ဘာမှပြန်မပြောနိုင်ပေမယ့် သေချာတာက
အနည်းငယ်တော့အရိပ်အမြွတ်နားလည်လိုက်ပြီ။
ဒါလည်း ဒီအချိန်ထိကိုမျက်လုံးဝိုင်းကြီးတွေက
ကလယ်ကလယ်လုပ်ကောင်းတုန်း။

" သွားပြီ အချိန်ကောင်းလေးကို မင်းပဲ
ဖျက်စီးပစ်တာ ဟိုကဟာယောင်းဆီကိုလစ်ပြီ..."

" အာ..."

" ဘာအာလဲကွာ မထုံတတ်တေးနဲ့ငါတကယ်ပဲ
မင်းကိုစိတ်တိုလာပြီဂျွန်..."

" ဘာကိုလဲ မင်ဝူးရဲ့ ဒီနေ့ကသူ့မွေးနေ့လေ
သူ့ချစ်သူကိုလည်းသူအချိန်ပေးချင်ဦးမှာပေါ့..."

" မဟုတ်ဘူးလေကွာ မဟုတ်သေးဘူးလေ
ဂျွန်ဂျောင်ဂုကြီးရာ....!!! "

အားမလိုအားမရသူက လက်နှစ်ဖက်ဖြင့်သာ
သူ၏ခေါင်းတစ်ခုလုံးကိုဆွဲဖွရင်းကြမ်းပြင်ဆီတွင်
လက်မှိုင်ကြကာထိုင်ချသွားသည်။
ဒါလည်းဂျွန်ဂျောင်ဂုတို့ နားမလည်ပါးမလည်ပါဘဲ
သေချာစွာ မင်ဝူးအားလိုက်ကြည့်ပြန်သည်။

အကယ်၍များWhere stories live. Discover now