မိုတယ်တွင်တည်းခိုပြီးတရေးတမောအိပ်ကာ
မနက်စောစောတွင် ကျောင်းမှအဆောင်ကို
ပြန်လာခဲ့ကြသည်။ကြမ်းပြင်တွင်အိပ်နေလို့ သနားစိတ်နဲ့
ကုတင်ပေါ်ခေါ်လိုက်ကာမှ ဂျွန်ဂျောင်ဂုရဲ့
တံတောင်ဆစ်လက်ချက်နဲ့တစ်စက်လေးတောင်မှ
အိပ်မပျော်ခဲ့ပါ။" ဟောက်သံကရော အဲ့လောက်ထိကျယ်စရာ
လိုလို့လား ..... "မျက်လုံးလေးတွေ ပြူးကျယ်ရင်းဂျီမင်က
ဆူငေါက်သည်။ကုတင်တွေ ခွဲအိပ်နေကြမို့
ပုံမှန်ဆိုသိပ်မသိသာတာ ၊ ဒီနေ့က
တစ်ကုတင်တည်း အိပ်မိကာမှဖြစ်ကြောင်းစုံအောင်
" နဖူးတွေ့ဒူးတွေ့ " ပင်ဖြစ်သည်၊
တစ်ချက်တစ်ချက် တံတောင်ဆစ်နဲ့
တွတ်တာက လန့်လွန်းလို့ထပင်ထိုင်မိသည်။
ပတ်ခ်ဂျီမင်တို့ မိုးစင်စင်လင်းသည်နဲ့ကြမ်းပြင်ဆီတွင်
ငုတ်တုတ်ထိုင်ကာ ပန်ဒါမျက်လုံးဖြစ်နေတော့သည်။" မကျေနပ်လို့များ မင်း တမင်လုပ်တာလား..."
" ဘာကိုမကျေနပ်ရမှာလဲ အရင်ကတည်းက
ဒီတိုင်းပဲလေ ဂျီမင်ရယ်...."" အဲ့လိုပုံနဲ့ မင်းဘယ်လိုအိမ်ထောင်ပြုမလဲ..."
" ဟုတ်ပါရဲ့ လက်ထပ်လို့မရလောက်ဘူးထင်တယ် "
ခေါင်းလေးကုတ်ရင်းရယ်ကျဲကျဲလေးလုပ်သည်။
ဂျီမင်ကတော့ သူအိပ်ရေးမဝသည့်အပေါ်
အတော်လေးတင်းနေတော့သည်။ပြေလည်သလိုလို မပေလည်သလိုလို
အခြေအနေလေးကိုကြည့်ရင်းမင်ဝူးကပင်
ပြုံးပြနေတော့သည်။" ညကနှစ်ယောက်သား ဘယ်မှာသွားအိပ်ကြလဲ..."
" အာ အဲ့ဒါက ဟိုလမ်းက မိုတယ်တစ်ခုမှာ..."
" အိပ်လို့ကောင်းခဲ့ကြရဲ့လား...."
" တိုးတိုးပြောပါ ဂျီမင်ကြားသွားမှ
ဘာကိုအိပ်ကောင်းရမှာလဲ မင်ဝူးရယ်..."" ညမှအေးဆေးစကားပြောမယ် ညမှ..."
ပြုံးစိစိနဲ့ဂျွန့်ပုခုံးလေးကာပုတ်ကာမင်ဝူးက
ကျောင်းသို့သွားချေပြီဖြစ်သည်။နှစ်ဦးတည်း
ဒီအခန်းလေးထဲကျန်ရစ်ကာ အလျှိုလျှို
ပြင်ဆင်ပြီးနောက်မှာ ကျောင်းသို့အတူ
ရောက်လာခဲ့ကြပြီဖြစ်သည်။