Episode 2

9.8K 316 1
                                    

[Zawgyi]

ဇမ္ဗူရှားကို ထိုနေရာမှာတင် သတ်ပစ်ချင်ခဲ့‌ပေမယ့် Daddyက အလုပ်တစ်ခုကို သေချာချိန်ကိုက်ပြီးမှ လုပ်ရန်ပြောခဲ့တာ‌ကြောင့် ညှာတာခဲ့ခြင်းဖြစ်သည်။ဒါ့အပြင် ရဲတွေကလည်း အဆောက်အအုံရဲ့ ရှေ့မှာ ဝိုင်းလာပြန်တော့ ရာသီဥတုက ကိုယ့်ဘက်မှာ မရှိခဲ့ဘူး။

မီးလျှံခစားသည် သူဝင်ခဲ့သည့် အဆောက်အအုံအနောက်ဘက်က တံခါးအသေးလေးဆီ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။တံခါးဖွင့်ကာ အထဲသို့ ဝင်သွားပြီး အဆောက်အအုံအား လှည့်ပတ်သွားလာမိသည်။အဆောက်အအုံ၏ နံရံ၌ မှီထားလျက်ပင် ဖြစ်ပျက်နေသော အခြေအနေတို့အား ပြန်လည်သုံးသပ်နေမိသည်။ရဲများက ဂိုဒေါင်၏ တံခါးအား ဖွင့်ပေးနိုင်သည့် ဖောက်ခွဲရေးပစ္စည်းတစ်ခုအား တပ်ဆင်နေတာကို သူရပ်နေသော အဆောက်အအုံး၏ ပြတင်းပေါက်ငယ်မှ တစ်ဆင့် စောင့်ကြည့်နေလိုက်သည်။တံခါးက နည်းနည်းလေး ပွင့်ဟသွားတာနဲ့ ဂိုဒေါင်တစ်ခုလုံး မုန်တိုင်းဝင်သွားသည့်နှယ် ဆူညံသွားတော့သည်။

ရဲများ ထိုနေရာသို့ အာရုံရောက်နေစဉ်မှာပင် မီးလျှံခစားသည် နံရံမှီထားရာမှ အနီးဆုံး လမ်းကြားထဲသို့ အမြန်‌ထွက်ပြေးခဲ့သည်။ခြံစည်းရိုးကို ခုန်ကျော်ပြီးနောက် အဓိကလမ်းမသို့ ရောက်ရှိခဲ့သည်။ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရိုင်ဖယ်သေနတ် အသံတို့ ဖုံးအုပ်သွားသည်။ထို့ကြောင့်နောက်သို့ လှည့်ကာ ဂိုဒေါင်ထဲသို့ ကြည့်မိတော့ ပြတင်းပေါက်မှ တဆင့် ရဲများ၏ အကူအညီတောင်းခံနေသည့် အချက်ပြမီးအား တွေ့ရသည်။ထိုမီးများက မသိလျှင် သူ့အား လှောင်ရယ်နေသည့်အတိုင်းပင်။

"ဇမ္ဗူရှားသာ အဲ့လောက် လွယ်လွယ်နဲ့သေမယ်ဆို သေတာကြာပြီ"

မျက်မှောင်ကြုံ့လျက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လမ်းထောင့်မှ ကားမီးတစ်ချက် မြင်ရတာကြောင့် ကြည့်မိတော့ ရင်းနှီးသည့်ကားပုံစံဖြစ်နေသည်။အနက်ရောင် Cadillac ကား‌ဆီသို့ သွားလိုက်ကာ ကားတံခါးအားဖွင့်လိုက်ပြီး နောက်ခန်းတွင်ဝင်ထိုင်လိုက်သည်။ကိစ္စများ သဲထဲရေသွန်ဖြစ်သွားတာကြောင့် ကားတစ်ကားလုံး လှုပ်ခါသွားသည်အထိ တံခါးအား အရှိန်ပြင်းပြင်း ထုရိုက်မိသည်။

MAFIA Vs MAFIAWhere stories live. Discover now