[Unicode]
ဂိုဒေါင်တွင် ဖြစ်ပျက်ခဲ့သည်များကို မီးလျှံခစားတစ်ယောက် ဒေါသူပုန်ထလျက် ခြံဝင်းထဲတွင် ပေါက်ကွဲလိုက်ကာ သူ့Daddy၏ ရုံးခန်းရှိသည့် အပေါ်ထပ်သို့ တက်လာခဲ့သည်။
ဟိုကြွက်စုတ်လေးဖြင့် တိုက်ခိုက်ခဲ့သည်များကို ထပ်ကာထပ်ကာ ပြန်တွေးရင်း လက်သီးအား ဆုပ်မိသည်။ကြီးမားသော အဖြူရောင် တံခါးပေါ်ရှိ ငွေရောင် တံခါးလက်ကိုင်အား ဆွဲကာ အခန်းထဲသို့ တဇွတ်ထိုးဝင်သွားသည်။
အခန်းထဲ၌ ဒေါသထွက်နေသော Daddyအား တွေ့ရသည်။ဖုန်းတစ်ဖက်မှ လူအား အီတလီဘာသာဖြင့် အော်ငေါက်နေသည်။Daddy ဒေါသထွက်မထွက် ခန့်မှန်းရတာ လွယ်ကူပါသည်။အဘယ်ကြောင့်ဆိုသော် အီတလီဘာသာ စကားဖြင့် အော်ငေါက်နေခြင်းကြောင့်ဖြစ်သည်။
အခန်းထောင့်၌ အလှဆင်ထားသော ထိုင်ခုံ၌ ဝင်ထိုင်ကာ ပြင်းထန်နေသော အငြင်းအခုံပွဲအား စောင့်ကြည့်နေမိသည်။
"Cazzo"
ဖုန်းအား နားမှ ခွာကာ ပါးစပ်၌ ကပ်ပြီး ဆဲရေးနေသည်။CAZZO = Fuck in Italian
"မင်းတို့ ဘယ်လိုလုပ်လုပ် ငါစောက်ဂရုမစိုက်ဘူး ငတုံးကောင်တွေ ရအောင်သာ လုပ်ခဲ့"
ဆက်တိုက်အော်ပြောနေရင်းမှ ဖုန်းအား နံရံသို့ ပစ်ပေါက်လိုက်သည်။Daddy၏ iPhone မှန်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေတော့သည်။
Lပုံစံရှိသော အလုပ်စားပွဲဆီသို့ သွားနေသော Daddyအား လိုက်ကြည့်နေမိသည်။Daddyက သားရေဖြင့် ပြုလုပ်ထားသော ကုလားထိုင်အား ဆွဲယူကာ ထိုင်လိုက်သည်။သူ၏ နှာခေါင်းအား ခပ်ကြမ်းကြမ်း ပွတ်ဆွဲလိုက်ရင်း နှုတ်ခမ်းမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
"မင်းညီက ငါ့ကို အသက်တိုအောင် လုပ်နေတာပဲ"
မျက်လုံးတို့အား မှိတ်ထားလျက် Daddyက ညီးညူသည်။
ကိုယ့်မှာ တိမ်စိုင်ခစား ဆိုသော ညီတစ်ယောက်ရှိသည်။ကိုယ်တွေ့ဖူးသမျှထဲတွင် အရူးနှမ်းဆုံးလူလည်းဖြစ်သည်။ဉာဏ်အလွန်ကောင်းပြီး သင်ယူနိုင်စွမ်း မြင့်ပေမယ့် တအားကို ညစ်ပတ်ရှုပ်ပွေသူဖြစ်သည်။အမြဲတမ်း ကိုယ်တို့၏ ဖောက်သည်များအား စိတ်ပျက်ရအောင်လုပ်သည်။အလုပ်တစ်ခုလုပ်လျှင် ခြေရာလက်ရာ အမြဲကျန်ခဲ့ပြီး တစ်ခါတစ်လေ ပြစ်မှတ်အား မှားသတ်မိသည်အထိ ဆိုးရွားသည်။အမှားများကို ထိုကဲ့သို့ အမြဲလိုလို လုပ်နိုင်သည့် တိမ်စိုင်ခစားအား တကယ့်ကိုပင် လေးစားမိပါသည်။ဒါ့အပြင် သူက သူ့_ီးကို အတွင်းခံထဲမှာ နှစ်စက္ကန့်ထက် ပိုမထားနိုင်သူလည်းဖြစ်သည်။ဒီနှစ်ထဲမှာပင် omega သုံးယောက်အား ဗိုက်ကြီးအောင် လုပ်ပြီးသွားပြီ။သူ့ကို ကွန်ဒုံးဘယ်လိုစွပ်ရမလဲဆိုတာ တစ်ယောက်ယောက်သင်ပေးမြှဖစ်တော့မည်။

YOU ARE READING
MAFIA Vs MAFIA
Randomနှစ်ပေါင်းများစွာ မာနပြိုင်ဆိုင်ကြလျက် အလစ်အငိုက်အား ချောင်းကာ တစ်ဦးကိုယ်တစ်ဦး အမြဲလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသူနှစ်ဦး။နှစ်ဦးစလုံးမှာ မာဖီးယားများ ဖြစ်သည့်အလျှောက် အချင်းချင်း ရန်သူများဟုပင် သဘောထားပြီး ခြိမ်းခြောက်နေကြစမြဲပင်။ထိုလူနှစ်ဦးသည် မမျှော...