[Unicode]
"ပါးပါးရေ ဒယ်ဒီရေ သားအိမ်ပြန်ရောက်ပြီ"
ကျယ်လောင်လှသော စူးစူးဝါးဝါး အော်သံကြောင့် အိပ်နေရာမှ လန့်နိုးသွားသည်။
အိပ်ရာပေါ် လူးလိမ့်ရင်း ညီးညူနေမိသည်။စံအိမ်တစ်ခုလုံးကတော့ တံခွန်ရှား၏ အသံစူးစူးတို့ ပဲ့တင်ထပ်ကာ နားကွဲတော့မည့်အတိုင်းပင်။
မျက်လုံးအား ပြန်မှိတ်လိုက်ပြီး တစ်ဝမ်းထဲ ပေါက်ဖွားလာသည့် ဂြိုလ်ဆိုးကောင်အား လျစ်လျူရှုရန် ကြိုးစားပေမယ့် ဒင်းက ထပ်ဖျက်ဆီးပြန်သည်။
"ဟဲလို! ပါးပါးတို့ အချစ်ဆုံးလေး ရောက်လာပါပြီ"
ထပ်ပြီး အော်ပြန်သည်။
အိပ်နေရင်း ညီးညူလိုက်ကာ ဖုန်းအားကြည့်လိုက်တော့ 8နာရီ 25 မိနစ်။နောက်ထပ်နည်းနည်းလေး နောက်ကျမှ လာပေးလို့မရဘူးလားကွာ။
ဖုန်းအဆက်အသွယ်ထဲမှ နံပါတ်တစ်ခုအား ရှာဖွေလိုက်သည်။သူသာလျှင် ကိုယ့်အား ကိုယ့်ညီကိုယ်ပြန်မသတ်မိအောင် ဖျောင်းဖျနိုင်မှာဖြစ်သည်။
ဖုန်းသံနှစ်ခါမြည်ပြီးနောက် ဖုန်းဖြေသံကြားရသည်။
"အဲ့အသံက ငါထင်နေတဲ့တစ်ယောက်တော့ မဟုတ်ဘူးမလား"
တစ်ဖက်လူက စိတ်ရှုပ်သည့်အသံဖြင့် ပြောသည်။
"စိတ်မကောင်းပါဘူး မှိုင်းညို့"
မျက်မှောင်အားကြုံ့ကာ ပြန်ဖြေလိုက်သည်။
"ငါတွေ့ဖူးသမျှထဲမှာ ဒီကောင်က စိတ်ရှုပ်ဖို့ အကောင်းဆုံးပဲ သောက်စရာလေးဘာလေး ယူပြီး မင်းအခန်းထဲလာခဲ့မယ် ခဏပဲစောင့်"
မှိုင်းညို့က ညီးတွားကာ ပြောသည်။
"ဒါတွေကြောင့် မင်းက ငါ့အချစ်ဆုံး သူငယ်ချင်းဖြစ်နေတာ"
ထထိုင်လျက်ပြုံးကာ မျက်စိအား လက်ဖြင့် ပွတ်နေမိသည်။
"အဲ့တာကို ဘယ်တော့မှ မမေ့လိုက်နဲ့"
ဖုန်းမချခင် ရွှတ်နောက်နောက်ဖြင့် ပြောသွားသေးသည်။
မှိုင်းညို့က ကိုယ့်ရဲ့ တစ်ဦးတည်းသော အကောင်းဆုံးသူငယ်ချင်းပင်။မွေးစားညီအစ်ကိုလို့ပင် ပြောလို့ရသည်။သူက မိဘမဲ့တစ်ယောက်ဖြစ်သည်။ကလေးဘဝကို လမ်းပေါ်၌သာ ဖြတ်သန်းခဲ့ရသည်။ခါးပိုက်နှိုက်လိုက် အလစ်သုတ်လိုက်ဖြင့် ရှင်သန်ခဲ့သည်။အဖေသူ့ကို ရှာတွေ့တုန်းက သူ၁၃နှစ်သာ ရှိသေးသည်။အလုပ်တစ်ခုအတွက် အပြင်ထွက်စဉ်မှာပင် အဖေ့ရဲ့ Rolex နာရီကို သူက ခါးပိုက်နှိုက်လိုက်သည်။အဖေက လုံးဝတောင် သတိမထားမိခဲ့ဘဲ သိသည့်အချိန်တွင် မရရအောင် ပြန်ရှာဖမ်းခဲ့သည်။သူ့ရဲ့သတ္တိနဲ့ အရည်အချင်းကို အံ့ဩမိတာကြောင့် သူ့အား ရွေးချယ်စရာ ပေးခဲ့သည်။'ငါနဲ့ အလုပ်လုပ်မလား လမ်းပေါ်မှာပဲ ဆက်နေမလား' ဟူ၍။သူက အဖေ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး သူ့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည်။သူ စံအိမ်ကို ရောက်တဲ့အချိန်ကစလို့ ကိုယ်နဲ့ သူငယ်ချင်းဖြစ်လာခဲ့ကြသည်။
YOU ARE READING
MAFIA Vs MAFIA
Randomနှစ်ပေါင်းများစွာ မာနပြိုင်ဆိုင်ကြလျက် အလစ်အငိုက်အား ချောင်းကာ တစ်ဦးကိုယ်တစ်ဦး အမြဲလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသူနှစ်ဦး။နှစ်ဦးစလုံးမှာ မာဖီးယားများ ဖြစ်သည့်အလျှောက် အချင်းချင်း ရန်သူများဟုပင် သဘောထားပြီး ခြိမ်းခြောက်နေကြစမြဲပင်။ထိုလူနှစ်ဦးသည် မမျှော...