[Unicode]
ပုံမှန်အတိုင်းပင် နေ့စဉ်ဘဝအားဖြတ်သန်းဖြစ်သည်။မနက်ဆိုလျှင် မှိုင်းညို့က သောက်စရာအချို့နှင့် ကိုယ့်အခန်းထဲသို့ ဝင်လာပြီး နှိုးသည်။တိတ်ဆိတ်ပြီး ကိုးရိုးကိုးယားနိုင်တဲ့ မိသားစု ထမင်းဝိုင်း၌ ထိုင်ရသည်။မှိုင်းညို့နဲ့အတူ အပြင်ထွက်ပြီး လုပ်စရာရှိတဲ့အလုပ်တွေ လုပ်သည်။ပြီးတော့ အပြစ်သားတွေ ကျူးကျော်သူတွေကို နည်းနည်းပါးပါး နှိပ်စက်အပြစ်ပေးသည်။
မာဖီးယားဘဝက များသောအားဖြင့် ဒီလိုပါပဲ။
ကိုယ့်ညီဖြစ်သူနှင့် သူ့နွားကတော့ ကိုယ်တို့ရဲ့ ကြိုဆိုမှုအား လက်ခံရရှိပြီးနောက်မှာ ကိုယ်တို့အား ဝေးဝေးမှ ရှောင်ကြတော့သည်။ကိုယ်က ခွင့်လွှတ်တတ်တဲ့လူမျိုးမဟုတ်။စိတ်နာလျှင် ပြန်လှည့်ကြည့်ဖို့ စိတ်ကူးလုံးဝမရှိ။အဲ့တော့ သူတို့ ကိုယ့်အပေါ် လုပ်ခဲ့တာကို တစ်စက်လေးမှ မမေ့သလို မုန်းဖို့လည်း မေ့သွားမှာမဟုတ်ပေ။သူတို့က ဒီလိုမျိုး ကိုယ့်အား ကြောက်ရွံ့ပြနေလို့လဲ ကျေနပ်သွားစရာမရှိ။
ရုရှားဘက်က လုပ်ကြံသူတွေကို နေရာတိုင်းမှာ ဖမ်းဆီးမိနေတုန်းပင်။တချို့က အလုပ်ဂိုဒေါင်တွေထဲ ခိုးဝင်ဖို့ ကြိုးစားကြသလို တချို့ကလည်း သဘော်ဆိပ်တွေမှာ ကိုယ်တို့ရဲ့ ကုန်တင်သဘော်တွေကို ခိုးကြောင်ခိုးဝှက်စောင့်ကြည့်နေကြသည်။တချို့ညတွေမှာ ဂိတ်တံခါးနားတွင် ယောင်လည်လည် လုပ်နေကြလေ့ရှိပြီး လူလစ်တာနဲ့ ခိုးဝင်ဖို့ ကြိုးစားနေသူများကို ဖမ်းမိသည်။သူတို့ဆီကနေ အကြောင်းအရင်း အချက်အလက်တွေကို ထုတ်ပြောလာစေရန် ပညာပေးဆုံးမပေမယ့် သူတို့ကတော့ တူညီသော စကားတစ်ခွန်းကိုသာ ပြောလေ့ရှိကြသည်။
'မင်း မကြာခင် သေရတော့မယ် ဇမ္ဗူရှား'
သူတို့ မသေခင် နောက်ဆုံးပြောခဲ့တဲ့ စကားပေါ့။
ဦးမော်ကွန်းက ကိုယ်တို့မိသားစုအား ဘာလုပ်ဖို့ ကြိုးစားနေသလဲမသိပေမယ့် ဒီလိုလုပ်တာဟာ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ ဖြစ်သည်။
ဖမ်းဆီးလို့ မိသမျှ လုပ်ကြံသူတိုင်းကို အရေခွံခွာပြီး သူတို့ဂိုဏ်း၏ အမှတ်တံဆိပ်တက်တူးအား ဦးမော်ကွန်းဆီ သို့တိုက်ရိုက်ပို့ပေးသည်။သူ့ကို ဂိုဏ်းတက်တူးတွေ ပို့ပေးလေ သူကလည်း လုပ်ကြံဖို့လူ ပိုလွှတ်လေဖြစ်သည်။မသိလျှင် ကြီးမားသော လူသတ်ဂေဟစနစ်ကဲ့သို့ ဖြစ်လာသည်။
YOU ARE READING
MAFIA Vs MAFIA
Randomနှစ်ပေါင်းများစွာ မာနပြိုင်ဆိုင်ကြလျက် အလစ်အငိုက်အား ချောင်းကာ တစ်ဦးကိုယ်တစ်ဦး အမြဲလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသူနှစ်ဦး။နှစ်ဦးစလုံးမှာ မာဖီးယားများ ဖြစ်သည့်အလျှောက် အချင်းချင်း ရန်သူများဟုပင် သဘောထားပြီး ခြိမ်းခြောက်နေကြစမြဲပင်။ထိုလူနှစ်ဦးသည် မမျှော...