[Unicode]
"Hi အားလုံးပဲ မဂ်လာပါ ကျနော့် နာမည်ကတော့ သွေး ဖြစ်ပါတယ် Texas ကနေလာခဲ့တာဖြစ်ပြီး ပင်လယ်နံဘေးက သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်ရတာ နှစ်သက်ပါတယ် ရှေးဟောင်းသုတေသနပြုသူတစ်ယောက်ဖြစ်ပြီး ကျနော့် စိတ်ကူးထဲက Dateအမျိုးအစားကတော့ ကြယ်ရောင် အောက်မှာ စကားပြောရင်း စိတ်ကူးယဉ်ဆန်ဆန် ညလေးတစ်ည ဖန်တီးချင်တာပဲဖြစ်ပါတယ်"
ဆံပင်အနက်ရောင်ရှိပြီး ညိုချောလေးဖြစ်သည့် ထို Omega က မိုက်ခရိုဖုန်း ရှေ့တွင် ရပ်ကာ ပြောနေသည်။သူဝတ်ထားသော ဘောင်းဘီက တမင်သူ၏ တင်ပါးတို့အား အသားပေးထားသည်ဟုထင်ရအောင် ကြပ်ထုတ်နေပြီး တင်တို့မှာ ထင်းထွက်နေသည်။သူက စင်၏အလယ်တွင် ရပ်နေရင်း စင်အောက်၌ သူ့အား စောင့်ကြည့်နေကြသော ဂိုဏ်းစတားတို့အား ပြုံးပြလိုက်သည်။
"လူကြီးမင်းတို့အလှည့်ရောက်ပါပြီ လေလံပစ္စည်းနာမည်ကတော့ သွေးပါ လေလံစဆွဲရမယ့် ဈေးနှုန်းကတော့ $1500ပါ "
မဏ္ဍိုင်က စင်မြင့်ကြီး၏ ညာဘက်၌ ရှိသော လူတစ်ယောက်သာ ရပ်လို့ရသည့် အနက်ရောင်စင်မြင့် အသေးလေးပေါ်ကနေ စိတ်အားထက်သန်စွာ ပြောသည်။
"$2000"
လူတစ်ယောက်က ပြောသည်။
"$2500"
နောက်တစ်ယောက်မှ ရှန်ပိန်ခွက်ကို ကိုင်မြှောက်ကာ အော်ပြောသည်။
"လူကြီးမင်းတို့က ဒီထက် ပိုရက်ရောကြမှာပါ"
မဏ္ဍိုင်က သွေး ကို လက်ညိုးထိုးပြတော့ သွေး၏အပြုံးတို့က ပိုမိုပီပြင်လာပြီး ခေါင်းအား တစ်ဖက်သို့ စောင်းလိုက်သည်။
"$4000"
နောက်တစ်ယောက်က လက်မြှောက်ကာ ပြောသည်။
"$5000"
ပထမဆုံး လေလံဆွဲသူက အသံကို ပိုမြှင့်ကာ အော်သည်။
"ဝိုး...$5000... အခုချိန်မှာ အများဆုံးပါပဲ $5000 တစ်ကြိမ် $5000 နှစ်ကြိမ် $5000 သုံးကြိမ် ဟုတ်ကဲ့ပါ အပြာရောင် Suit ဝတ်ထားတဲ့ လူကြီးမင်းက အနိုင်ရရှိသွားပါပြီ"
မဏ္ဍိုင်က လေလံနိုင်သွားသူအား ညွှန်ပြကာ ပျော်ရွှင်နေသည့်လေသံဖြင့် ပြောသည်။
![](https://img.wattpad.com/cover/362093737-288-k17391.jpg)
YOU ARE READING
MAFIA Vs MAFIA
Randomနှစ်ပေါင်းများစွာ မာနပြိုင်ဆိုင်ကြလျက် အလစ်အငိုက်အား ချောင်းကာ တစ်ဦးကိုယ်တစ်ဦး အမြဲလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသူနှစ်ဦး။နှစ်ဦးစလုံးမှာ မာဖီးယားများ ဖြစ်သည့်အလျှောက် အချင်းချင်း ရန်သူများဟုပင် သဘောထားပြီး ခြိမ်းခြောက်နေကြစမြဲပင်။ထိုလူနှစ်ဦးသည် မမျှော...