အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 2 ]" မင်းကို ငါ ခင်ချင်လား မခင်ချင်ဘူးလား
ဆိုတာကို အရိပ်အကဲမကြည့်တတ်ဘူးလား။
မင်းကို မခင်ချင်တဲ့သူ တစ်ယောက်ကို
အတင်းလက်ဆောင်ပေးနေရအောင်
မင်းက ရူးနေတာလား...? "ပြောလာသော စကားတွေက နန်းမိုင် ကို
ဘာပြန်ပြောရမှန်းမသိစေဘဲ ဆွံ့အစေ၏ ။လက်ထဲက ဘူးလေးနဲ့အတူ နန်းမိုင်
ကျန်နေခဲ့ရတော့၏ ။ဦးမင်းထိဘွား ထွက်သွားတဲ့အထိ နေရာမှာတင်
နန်းမိုင် က ကြောင်တောင်တောင်လေးပင်။ဦးမင်းထိဘွား က နန်းမိုင် နားက လူတွေလို
မဟုတ်ဘူး။နန်းမိုင် ဘက်က စပြီး လက်ဆောင်ပေးဖူးတာကလည်း
ဦးမင်းထိဘွား တစ်ယောက်ပဲ ရှိတယ်။*************************
" နန်းမိုင် နင် စိတ်မပါဘူးလား..?
စိတ်မပါရင် ပြိုင်မနေနဲ့။ မဟုတ်ရင်
ရှူံးနေလိမ့်မယ်။ "" နန်းမိုင်သဲခေတ် ရာဇဝင်မှာ ရှူံးဖူးတယ်ဆိုတာ
မရှိဖူးဘူး ရမ် "" ဆောရီး ငါက နင့်ကို စိတ်ပူသွားလို့ပါ
နန်းမိုင် ရာ။ ငါ တောင်းပန်တယ် "တောင်းပန်လာသော ရမ်ကို နန်းမိုင် မကျေနပ်သလို ကြည့်လိုက်ပေမဲ့ သိပ်ပြီးတော့
ပြဿနာမရှာလိုက်ပါ။နန်းမိုင် အတွက် သူငယ်ချင်း ဆိုလို့
ရမ်ပဲ ရှိတာလေ။ သူကသာ နန်းမိုင် ကို
သည်းခံပြီး နေပေးလာတာ။" နန်း...နန်းရှူံးရင် ကျတော်နဲ့ တွဲရမယ်နော်။
ဘယ်လိုလဲ။ ကျတော်နဲ့ တွဲဖို့ အဆင့်သင့်
ဖြစ်နေပြီလား။ "" စောင့်ကြည့်လိုက်လေ ဝေမင်း...!
နင် ငါ့ကို တွဲရမလားမတွဲရဘူးလားဆိုတာ။
နန်းမိုင်သဲခေတ် ဘဝမှာ အရှူံးဆိုတာ မရှိဖူးဘူး။
ငါ နိုင်ရင် နင့် ပြိုင်ကားအသစ်စက်စက်
ကွဲဖို့သာ ပြင်ထားလိုက်။
ရမ် ကားပေါ်တက်လိုက်တော့။ "" အိုကေ နန်းမိုင်... "
နန်းမိုင် သူငယ်ချင်း ရမ် ကားပေါ် တက်သွားတာနဲ့
နန်းမိုင် ပါ လိုက်တက်တော့သည်။
ထိုအခါ ဝေမင်းကလည်း တစ်ဖက်ကားကို
သူ့ အဖော်နဲ့ တက်သွားရာကနေ
နန်းမိုင် ကို မျက်လုံး မှိတ်ပြလာတာကြောင့်
လက်သီးကို တင်းတင်းဆုပ်သွားရသည်။
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤