အချစ်တွေသာစစ်မှန်မယ်ဆိုရင်_ [ P - 36 ]

1.3K 45 6
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [  Part _ 36  ]

အိပ်ချင်နေပြီလို့ အကုန်လုံးကို အကြောင်းပြကာ
နန်းမိုင် အခန်းဆီ ပြန်လာခဲ့တာက
ထိုနားလေးမှာ ရပ်စောင့်နေသော မာမီကြောင့်
ခြေလှမ်းတွေကို ရပ်လိုက်မိတော့သည်။
မာမီကလည်း နန်းမိုင်ကို မြင်တာနဲ့
နန်းမိုင်ရဲ့ လက်ကို ကောက်ခနဲကိုင်လာခဲ့သည်။

" နင် ငါနဲ့ လိုက်ခဲ့ နန်းမိုင်သဲခေတ်...! "

ဇွတ်‌ဆွဲခေါ်သွားသော မာမီရဲ့ လက်တွေက
ဘယ်မှာရပ်လဲဆိုရင် အမှောင်ကျနေသော
ကျောက်ဆောင်နား တဝိုက်ကိုပင်။

" နင် အတော် အဆိပ်ပြင်းလှချည်လား နန်းမိုင်သဲခေတ်
ငါ့ကို ဝနဦးနဲ့ ပေါင်းပြီး လုပ်ကြံရဲတယ်ပေါ့။
အေး နင်ကြောင့် ပျော်ရွင်နေတဲ့ ငါ့ ဘဝလေး
ပျက်စီးသွားရင် နင့်အဖေနဲ့ နင့်ကို
ငါ သတ်ဖို့ ဝန်မလေးဘူးနော်။ "

လက်ညိုးငေါက်ငေါက်ထိုးကာ မာမီက ပြောနေပေမဲ့
နန်းမိုင်ကတော့ အေးစက်စက်ရယ်သာ။

" မထုံတတ်တေး လုပ်မနေနဲ့ နန်းမိုင်သဲခေတ်..!
ကိုယ့်သွေးသားကိုယ် ပြန်ပြီး သတ်ရဖို့
ငါ ဝန်မလေးဘူးနော်။ "

" သိပါတယ်။ ဒေါ်နန်းအိမ်ခင်က အဲ့ဒီလောက်ထိ
အကြင်နာတရားမရှိမှန်း။ ဒါနဲ့ အတော်နာကျင်သွားမယ်
ထင်တယ်နော် ဒေါ်နန်းအိမ်ခင်..! နန်းမိုင် ရွေ့လိုက်တဲ့
အကွက်လေးအတွက်။ လူကိုယ်တိုင်တောင်
နန်းမိုင်ဆီ ရောက်လာခဲ့တာဆိုတော့။ "

" တောက်စ်..! နင်..!  "

" ဪ အခုမှ နန်းမိုင် တွေးမိတယ်။
ဒီနေ့လေ ဒေါ်နန်းအိမ်ခင်ရဲ့ မျက်နှာကို ကြည့်ပြီးပေါ့။
အလိမ်အညာ‌တွေ အပြစ်ရှိတဲ့စိတ်ကြီးနဲ့
ဦးမိုးထက်တို့ သားဖနားမှာ နေရတာ ပျော်ပါ့မလား
လို့ပေါ့။ ဘယ်အချိန် ဦးမိုးထက်တို့ သိသွားမလဲ
ဆိုတဲ့ စိုးရိမ်စိတ်ကြီးနဲ့ နေရတဲ့ ဒေါ်နန်းအိမ်ခင်
ဘဝအတွက် နန်းမိုင်က အရမ်းသနားလို့ပါ။ "

" နင်ကများ ငါ့ကို...နင့် ဘဝကသာ သနားစရာ
ကောင်းတာ နန်းမိုင်သဲခေတ်...! လိုချင်တဲ့သူ
တစ်ယောက်မှမရှိဘူးလေ။ ဒါကို ငါ့ကိုလည်း
အတင်းလိုက်ကပ်..! သားထိဘွားကိုလည်း
အတင်းလိုက်ကပ်နေတာ။ နင် မရှက်ဘူးလား
နန်းမိုင်သဲခေတ် .! "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now