အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 3 ]
ဘားသွားလိုက်၊ ပြိုင်ကားသွားမောင်းလိုက်နဲ့
နန်းမိုင် ဘဝက ပျင်းချိန်မရှိပေ။ဒယ်ဒီကလည်း အလုပ်ကိစ္စနဲ့ စင်္ကာပူကို
ရောက်နေတော့ နန်းမိုင် ကဲချင်သလိုကဲပင်။တွဲသမျှရည်းစားတွေ အကုန်ဖြတ်ပြီး
ရမ်နဲ့ ထင်တိုင်းသောင်းကျန်းနေသည်။ဒါမှ အားယားနေတဲ့ နန်းမိုင် ခြေထောက်တွေ
ဦးမင်းထိဘွား ဆီကို ရောက်မသွားမိမှာ။" အခု ငါတို့ ဘယ်သွားကြမလဲ နန်းမိုင်... "
" ဘားပေါ့။ ဒီည ငါ ဘာကားမှ မမောင်းချင်ဘူး။ "
" အိုကေ နန်းမိုင်...နင့်ကားလည်း
ငါ မောင်းပေးမယ်။ "ကားမမောင်းချင်တာကြောင့် နေရာချင်းချိန်းပေးကာ မောင်းသူနေရာကနေ နန်းမိုင် ဆင်းပေးလိုက်သည်။
သောက်ချင်စိတ်တွေကလည်း နန်းမိုင် ဆီမှာ
အလုအယက်နဲ့ တိုးဝင်လာကြသည်။ နန်းမိုင်
သောက်ချင်နေပြီ။" မြန်မြန်မောင်းနော်။ ငါ အရမ်းသောက်ချင်နေပြီ "
" အေးပါ နန်းမိုင်ရာ... "
" ကိုကြီး ဝီစကီ တစ်လုံးပေး... "
ဘားရောက်တာနဲ့ ထိုင်နေကျ နေရာ
နန်းမိုင် ဝင်ထိုင်လိုက်ရင်း တစ်ခါတည်း
မှာလိုက်တော့သည်။မကြာလိုက် ချပေးလာတာနဲ့ ရမ်အတွက်ပါ
ငှဲ့ပေးလိုက်ပြီး ကျန်တဲ့ဟာကို
နန်းမိုင် မော့ချလိုက်တော့သည်။အလုအယက်နဲ့ လည်ချောင်းထဲ တိုးဝင်သွားသော
အရသာက ပြင်းရှရှနဲ့ နန်းမိုင် လိုချင်နေတဲ့
အရသာမျိုး။ အရင်က ဒယ်ဒီ ခွက်ပုန်းလိုက်ချတာ
ကို ကြည့်ပြီး နန်းမိုင်လည်း ဆရာတစ်ဆူဖြစ်နေပါပြီ။နှစ်ပုလင်းကျော်ကျော်လောက်ထိတော့ နန်းမိုင်
သောက်နိုင်တယ်လေ။" နန်းမိုင်က မိုက်တာ ထိဘွားရာ။
ပုလင်းလိုက်ကြီးကို မော့ချနေတာ။
ညီမလေး type က ခပ်မိုက်မိုက်ကြီး။
ဝတ်ထားတာနဲ့ တအားကို လိုက်နေတာပဲ။
လာပါဟာ ညီမလေးတို့ ဝိုင်းနဲ့ သွား
join လိုက်ရအောင်။ "
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤