အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 19 ]
" ကျေးဇူးပါ နန်းမိုင်သဲခေတ်
မင်းကို ငါ မထင်ထားခဲ့ဘူး။
ဒီလောက်အထိ ကတိတည်ပေးမယ်လို့။ "ထမင်းစားပြီးတာနဲ့ နန်းမိုင် ကို ခြံဝအထိလိုက်ပို့ပြီး
ကျေးဇူးတင်လာသော ဦးထိရဲ့အပြုံးတွေက
နန်းမိုင် အတွက် တွေ့ရခဲလွန်းအားကြီးသည်။ကျွန်းပေါ်မှာ နှစ်ယောက်တည်း ရှိချိန်တောင်
နန်းမိုင် ဒီလိုမတွေ့ခဲ့ရဘူးလေ။
လက်ခံသင့်ပါပြီ။ ဒီလူသားလေးက
နန်းမိုင် အပိုင်မဟုတ်ဘူးဆိုတာကို။
နန်းမိုင် ချစ်ရတဲ့ မာမီရောကအစ။" ဟီးဟီး မာမီကတော့ လုပ်ပြီ။
အဲ့ဒီလိုကြီး မပြောနဲ့လို့။ "" မာမီ ပြောတာမဟုတ်ဘူးလေ။
သမီး အန်တီကြူမိုး ပြောတာကို
ဟင်းဟင်း.... "" ဟင်းဟင်း "
ပျံ့လွင်လာသော ရယ်သံတွေကြား
နန်းမိုင် ငေးကြည့်မိသွားသည်။ မာမီက
ပျော်နေတာပဲ။ အန်တီကြူမိုး ကအစ။" ဦးထိ နန်းမိုင် ပြန်တော့မယ်။ "
" ရလား ငါ့ ကားနဲ့ လိုက်ပို့ပေးမယ်လေ။ "
" ဘယ်သင့်တော်မှာလဲ။ ဦးထိက ပိုင်ရှင်
ရှိသွားပြီလေ။ လိုက်မပို့တာပဲ
ကောင်းတယ်။ တစ်ဖက်လူအတွက်
တစ်မျိုးဖြစ်သွားရင် မကောင်းဘူး ဦးထိရဲ့
နောက်ပြီး နန်းမိုင်ကလည်း ပိုင်ရှင်ရှိရင်
ရှောင်တယ်။ "" မင်းကတော့ တကယ့် ဟာလေးပဲ။ "
" ကံကောင်းတယ်မှတ်နော်။ နန်းမိုင် လို
တစ်ဖက်သားကို တွေးပေးတတ်တဲ့လူကို
သူငယ်ချင်းအဖြစ် ဦးထိ ရထားလို့။ ပြန်ပြီ ဦးထိ။
အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။
ကျေးဇူးပါ။ "နန်းမိုင် နောက်ပြန်နှုတ်ဆက်လိုက်ရင်း
ကားပေါ်ကို တက်လာခဲ့လိုက်တော့သည်။ရင်တစ်ခုလုံးလည်း နာကျင်လွန်းလို့
အားပင်မရှိချင်တော့။ ဒါပေမဲ့ အတတ်နိုင်ဆုံး
နန်းမိုင် ပြုံးထားနိုင်ခဲ့တယ်လေ။နန်းမိုင် မတော်ဘူးလားဟင်။
ကားမှန်ကနေ နန်းမိုင် ကို ဦးထိ ငေးကြည့်
နေတဲ့အခါ ဒီလူသားက နန်းမိုင် အတွက်
မဟုတ်တော့ဘူးဆိုတာကို သိထားတော့
ကားကို လမ်းမကြီးထက် နန်းမိုင် တက်မောင်း
လိုက်တော့သည်။
YOU ARE READING
အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟
Romanceစချစ်မိသူက အရှူံးဆိုတော့ နန်းမိုင်က ဦးထိကို မြင်ကတည်းက ချစ်ခဲ့ရတော့ ရှူံးနိမ့်ပြီးသားပါ။ နန်းမိုင် အချစ်တွေသာ စစ်မှန်မယ်ဆိုရင် ဦးထိ ဆီက အချစ်ကို နန်းမိုင် ရချင်မိတယ် 🖤🖤🖤